Unicode❤
Kormanပြောသလိုပဲ
Noone is brought into your life by accidentတဲ့တွေ့ဆုံမှုတိုင်းမှာအကြောင်းပြချက်ဆိုတာရှိတယ်
ဒါကိုအတိတ်ဘဝကအကြောင်းတရားတစ်ခုခုကြောင့်လို့ဆိုနိုင်လေသလားအခုမှတွေ့ဖူးတယ်ဆိုပေမယ့်ကိုယ့်ရဲ့soul essenceကသူနဲ့အရမ်းရင်းနှီးနေတာမျိုးပေါ့
အတိတ်နဲ့ပစ္စုပ္ပန်ရဲ့မတူညီတဲ့ခန္ဓာနှစ်ခုကြားမှာတူညီတဲ့personalitiesတစ်ချို့ရှိတာမျိုးပေါ့
အတိတ်ဘဝကအဖြစ်အပျက်များကိုအတိတ်ဘဝမှာထားခဲ့ပြီးလက်ရှိဘဝမှာအချစ်သစ်စမယ်လို့ပြောခဲ့ဖူးတယ်။ဒါပေမယ့် Past lifeကsoulရဲ့လွှမ်းမိုးမှုများကနေရုန်းမထွက်နိုင်ခဲ့။သူပြန်သွားပြီးတဲ့နောက်ကိုနေ့တိုင်းလိုလိုအိမ်မက်တွေမက်တယ်။ဆေးသောက်အိပ်လို့လည်းမရ။
လူချင်းဝေးနေပေမယ့်စိတ်ချင်းကဆက်သွယ်နေတာမျိုးပေလား။ဒါပေမယ့်သူတစ်ယောက်တည်းခံစားနေရတာတော့သိပ်မတရားသလိုပဲ။ဘယ်လိုမှမနေနိုင်တဲ့အဆုံးအဘွားကိုSaraနဲ့အပ်ခဲ့ပြီးသူကတော့သူ့soulmateဖြစ်တဲ့တစ်စုံတစ်ယောက်ကိုရှာဖွေဖို့နောက်တစ်ခါခြေထပ်မချဟုဆုံးဖြတ်ထားတဲ့မွေးရပ်မြေပေါ်ရောက်နေသည်။ကြိုဆိုမယ့်သူမရှိ
ရောက်လာလို့ဝမ်းသာပေးမယ့်သူမရှိ
ပြန်စရာအိမ်မရှိဒါပေမယ့်သူ ဂျယ်ဟာ တစ်နည်းChanyeolရှိတယ်
သုံးရက်မျှသာဆုံဖူးသေးသော်လည်းဒီမြေပေါ်ထိလိုက်လာရဲသည်အထိယုံကြည်နေမိတာအတိတ်ဘဝကခံစားချက်အပိုင်းအစများကြောင့်ပေလား
ရောက်ရောက်ချင်းJongdae ရှာထားပေးတဲ့Condoကိုပဲကားဌားပြီးသွားလိုက်သည်။အနှီဗိသုကာပညာရှင်ပေါက်စကအခုကိုးရီးယားမှုမရှိ။လာမကြိုနိုင်လို့ဆိုပြီးစိတ်မကောင်းဖြစ်နေတာကိုBaekhyunကပင်ပြန်နှစ်သိမ့်ထားရသည်။
ဒီလိုနေစရာCondoနဲ့ Park Chanyeolအကြောင်းစုံစမ်းပေးထားတာနဲ့တင်သူအတော်ကျေးဇူးတင်နေပြီ။ အခုသူကိုးရီးယားကိုပြန်လာတာမေမေကြီးတို့မသိ။သိရင်လည်းပေးပြန်လာမှာမဟုတ်ပေ