Part-17

1K 96 10
                                    

Unicode❤

ကြည်လင်သောစိမ့်စမ်းရေမှာတငြိမ့်ငြိမ့်စီးဆင်းလျက်...
ရွက်ကျိုရွက်ကြားများမှတိုးဝင်ဖြတ်သန်းလာသောနေရောင်အောက်တွင်ရေ၏တိုက်စားခြင်းကြောင့်ခပ်ချောချောဖြစ်နေသောအရွယ်စုံကျောက်စရစ်ခဲများမှာလည်းအဖိုးတန်ကျောက်များသဖွယ်...ရေစပ်နားရှိရွှေသမင်ပျိုမှာရေထဲတွင်ထင်ဟပ်နေသောသူ့၏အသွင်ကိုကြည့်လျက်ကျေနပ်နေသယောင်...

ထိုလှပမှုအပေါင်းခညောင်းလျက်ဆိတ်ငြိမ်အေးချမ်းဖွယ်ပတ်ဝန်းကျင်မှာအကြောင်းတစ်စုံတစ်ရာကြောင့်ပျက်သုန်းရသည်။

စိမ့်စမ်းရေစီးသံအစားသမင်ပျို၏ညည်းညူအော်ဟစ်သံများသာကြီးစိုးနေသည်။

တရားခံသည်ကားရွှေသမင်၏ပေါင်ရင်းတွင်စိုက်ဝင်နေသောအဆိပ်လူးမြှားတစ်စင်း

ထိုစဥ်တောင်အရပ်ရှိခြုံပုတ်နောက်ကွယ်မှရုပ်ဆင်းတင့်တယ်လှသောလူငယ်တစ်ဦးခုန်ထွက်လာသည်။
ထိုသူက...

မင်းသားLee Hyunပင်

ဖမ်းမိထားသောသမင်ငယ်ကိုသယ်လျက်ပြန်မည်အပြု...

အရှေ့အရပ်မှရောက်ရှိလာသောမျက်နှာဖုံးနှင့်လူတစ်စုကြောင့်သူ့ခြေလှမ်းတွေတုံ့ကနဲ...

ဘယ်သူတွေလဲ!!!

ထိုမေးခွန်းအတွက်အဖြေပြန်မလာခင်ဓားတစ်ချောင်းကသူ့ထံဦးတည်လာသည်။
ထိုဓားဦးချွန်ကသူ့ရင်ဘတ်ထဲသို့မစိုက်ဝင်ခင်သူ့ဖခမည်းတော်ချီးမြင့်ထားသည့်ဓားနှင့်တားလိုက်သည်။
တိုက်ပွဲကထိုမမျှလောက်နှင့်မပြီးသွား...သူ့ထံဦးတည်တိုက်ခိုက်လာသောလူတစ်စုကိုပြန်ခုခံနေရသည်။
ထမင်းတစ်အိုးကျက်ခန့်ကြာပြီးနောက်တွင်မင်းသားငယ်မှာဒဏ်ရာအနည်းငယ်ရပြီးခြေကုန်လက်ပန်းကျလာသည်။သူဆက်ပြီးမခုခံနိုင်တော့။

အားနည်းလာသည့်သူ့အခြေအနေကိုအခွင့်ကောင်းယူ၍လုပ်ကြံသူတစ်ယောက်၏ဓားသွားကသူ့လည်တိုင်ပေါ်ရောက်လာသည်။

အတင့်ရဲလိုက်တာ...
ဘယ်သူလွှတ်လိုက်တာလဲဖြေစမ်း!!!

ထိုလူမြှောက်လိုက်သောဓားသွားမှာနေရောင်အောက်တွင်လက်ကနဲ...မင်းသားလည်းမျက်လုံးကိုအသာမှိတ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Feb 21, 2020 ⏰

Add this story to your Library to get notified about new parts!

IMMUTABLEWhere stories live. Discover now