Unicode❤
နှစ်သစ်ကူးပွဲတော်နေ့
ဒီအချိန်ဆိုလူတိုင်းလူတိုင်းဆင်းရဲချမ်းသာမရွေးပျော်ရွှင်နေကြလောက်ပြီ။တစ်နေကုန်လုံးအားကစားပြိုင်ပွဲတွေလုပ်မယ်။အမျိုးသမီးတွေကဆန်ကိတ်တွေလမုန့်တွေစုပြီးလုပ်ကြမယ်။ ကလေးတွေကလည်းအဘိုးအဘွားတွေကိုကန်တော့ပြီးကောင်းချီးမင်္ဂလာခံယူကြမယ်။ညဖက်ရောက်ရင်လမ်းမကြီးတစ်လျှောက်လုံးမှာရောင်းချနေသမျှမုန့်မျိုးစုံတို့ကိုမြည်းစမ်းမယ်။ချစ်တဲ့သူအတွက်မျက်နှာချေမှုန့်တွေနဲ့အထည်တွေဝယ်ပေးမယ်...ပြီးရင်ပြဇာတ်ကိုစောင့်ကြည့်မယ်
သို့သော်
Lee Hyun(Baekhyun)သည်ဒီနိုင်ငံရဲ့မင်းသားတစ်ပါးသူအခုမျက်မှောက်မှာကြုံနေရတဲ့နှစ်သစ်ကူးပွဲတော်က
သူ့စိတ်ကူးထဲကအတိုင်းမဟုတ်ဘဲတော်ဝင်ဂီတပညာရှင်နဲ့ကချေသည်များ၏ကပြဖျော်ဖြေနေခန်းနွေးထွေးမှုဆိုသည်မှာဧကန်နတ္ထိ
အရှင်မင်းကြီးလည်းရှိနေသည့်အတွက်မည်သူမှစကားသံမထွက်ကြ
သူအခုကြားနေရတာကJangjang sullaeဆိုသည့်သီချင်းသံသာဖြစ်ပြီးမြင်နေရသည်မှာလည်းကချေသည်လေးများ၏ဝိုင်းပတ်ကခုန်နေပုံသာ...နောင်တော်!
ဟင်!
"အိပ်ချင်လာပြီ"
သူ့ဘေးကိုကိုယ်လေးစောင်းလာပြီးခပ်တိုးတိုးပြောလာတဲ့ညီငယ်ကိုBaekhyunနှစ်သိမ့်ပြုံးသာပြုံးပြလိုက်သည်။ဖြစ်နိုင်ရင်သူတောင်ထပြေးချင်နေတာ...Lee Shinn(Jongdae)လိုကလေးအတွက်တော့ပိုဆိုးမပေါ့။သို့သော်...သူတို့သည်ဘုရင့်သားတော်များဖြစ်သည့်အားလျော်စွာခမည်းတော်ထက်အရင်ထပြန်မည်ဆိုပါကမြောင်နိုင်ငံကသံတမန်များရှေ့တွင်ခမည်းတော်ကိုမျက်နှာပျက်ရအောင်လုပ်သလိုဖြစ်နေပေလိမ့်မည်။
ဂျယ်ဟာကိုလွမ်းလိုက်တာ...
နှစ်သစ်ကူးပွဲတော်မို့တောရွာကသူ့အမေအိမ်ပြန်သွားလေတဲ့ဂျယ်ဟာ...
အခုနေများသူဘာတွေလုပ်နေပါလိမ့်
အိမ်ကလူတွေနဲ့တွေ့ပြီးသူ့ကိုများမေ့နေပြီလားအင်
အဲ့လိုတွေးမိတော့လည်းသူနဲ့ဂျယ်ဟာကဘာဆိုင်တာကျလို့
သူကသာတစ်ဖက်သတ်ဖြစ်နေတာ
ဂျယ်ဟာကသူ့ကိုဆိုလေးစားသမှုနဲ့စည်းတစ်ခုထားပြီးဆက်ဆံနေတုန်း
ဒါပေမယ့်...သူချစ်တယ်ပြောတိုင်း"မဖြစ်နိုင်ပါဘူးအရှင့်သားရယ်"လို့ဘဲပြောတာလေ
သူ့ကိုမချစ်ပါဘူးလို့ပြောတာမှမဟုတ်တာ...အဲ့တော့သူလည်းကိုယ့်အပေါ်ခံစားချက်ရှိတယ်လို့ယူဆလို့ရတယ်မှတ်လား