Unicode❤မင်း!!!
သူကအံ့သြမှုအပေါင်းခညောင်းလျက်အံ့သြတကြီးဆိုမိသော်လည်းပြန်ရလိုက်တာကရှူတည်တည်အကြည့်တစ်ခု
KIM Biseoကလည်းကြည့်နေတာကြောင့်သူ့ကိုယ်သူပြန်ထိန်းလိုက်သည်။
"Annyeonghaseyo Byun Baekhyun လို့ခေါ်ပါတယ်"
မင်းပြောတော့Bedfordshireမှာmasterတက်မှာဆို
ဘယ်တုန်းကကိုးရီးယားကိုရောက်နေတာလဲ!"ကိုယ်ရေးကိုယ်တာမေးခွန်းတွေမဖြေပါဘူး"
တယ်...ဒီကောင်လေးကအလုပ်လာလျှောက်တာတောင်အကြောအတင်းလိုက်နဲ့
မသိရင်သူကဘဲအလုပ်နဲ့ကိုယ်ရေးကိုယ်တာမခွဲခြားနိုင်တဲ့လူကျလို့မန်နေဂျာချုပ်!
"သူ့ကိုMr.Robertကိုယ်တိုင်ထောက်ခံပေးထားတာ""ဒီလိုအရည်အချင်းတွေရှိတဲ့လူကကျွန်တော်တို့companyမှာဘာလို့အလုပ်လာလျှောက်တာလဲ"
"စိတ်ကြောင့်...ကျွန်တော့်စိတ်ကဒီcompanyကိုရွေးချယ်လိုက်လို့"
ဒီကောင်လေးကတကယ်ဥာဏ်မရှိတာဘဲ
တကယ်ဆိုရင်အနာဂတ်အာမခံချက်တွေရှိလို့တို့အရည်အချင်းတွေကိုကောင်းကောင်းပြနိုင်မယ်ထင်လို့တို့အဲ့လိုတွေဖြေသင့်တာကို"ကျွန်တော်တို့အနေနဲ့Mr.Byunကိုဘာလို့ရွေးချယ်သင့်တယ်ထင်လဲ"
"ကျွန်တော့်ကိုအလုပ်မခန့်ရင်ခင်ဗျားတို့လောက်မိုက်မဲတဲ့လူရှိမှာမဟုတ်ဘူး"
အဲလေနော်...သူကအလုပ်လာလျှောက်တာလား
လာခြိမ်းခြောက်နေတာလားဘဲတခြားဘုတ်အဖွဲ့ဝင်တွေကတော့သူ့ရဲ့ယုံကြည်မှုရှိလွန်းတဲ့ပုံစံကိုသဘောကျကြသည်။
Chanyeolအနေနဲ့ကတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲနေတာကောင်းတဲ့စရိုက်မဟုတ်ဘူးလို့ယူဆသည်။သူ့တစ်ယောက်တည်းသာဆုံးဖြတ်ခွင့်ရှိရင်ဒီလိုကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီးအပေါက်ဆိုးတဲ့ငရုပ်သီးတောင့်ကိုအလုပ်မခန့်ဘူး"အဲ့ဒါဆိုလစာကညှိနှိုင်းထားတဲ့အတိုင်းပါပဲ
ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ထွက်လာရင်ဆက်သွယ်လိုက်ပါ့မယ်"