Unicode❤
Chanyeol, Baekhyunနှင့်Jongdaeတို့
San Nicolasအနီးရှိလမ်းဘေးကော်ဖီဆိုင်ဘေးမှာထိုင်နေသည်။Chanyeolတစ်ယောက်Alhambraကိုလှမ်းကြည့်နေပေမယ့်Alhambraကိုမမြင်...သူ့စိတ်အာရုံအလုံးစုံကိုငရုပ်သီးတောင့်၏ကြောင်တောင်တောင်မေးခွန်းကြီးကကြီးစိုးထားသည်။
ကျွန်တော်တို့အရင်ကတွေ့ဖူးကြလားတဲ့...ဖြစ်နိုင်လို့လား
ဟက်ဘယ်လောက်တောင်ကြောင်တောင်တောင်နိုင်လိုက်လဲထိုစဉ်Baekhyunမှာလည်း
Park Chanyeol၏အထိအတွေ့တွေဟာဘာကြောင့်ဂျယ်ဟာနှင့်တူနေလဲဆိုတာစဉ်းစားရခက်နေသည်။
Chanyeolသူ့လက်ကိုဆွဲပြေးတဲ့အချိန်ခဏမှာသူလည်းChanyeolကဂျယ်ဟာများလားလို့တွေးမိဖူးသည်
ဆိုင်ကယ်နဲ့တိုက်မိခါနီးဆွဲထိန်းလိုက်သောကြောင့်ခိုဝင်ခဲ့ရသောရင်ခွင်ကျယ်ဟာလည်းဂျယ်ဟာနဲ့တူနေသည်...သို့သော်ဂျယ်ဟာကBaekhyunရဲ့စိတ်ဆန္ဒကိုဦးစားပေးသလောက်Chanyeolကတော့Baekhyunကတောင်ဆိုသူကမြောက် လုံးဝဆန့်ကျင်ဘက်ပင်...နှာဘူးထ ဗရုတ်သုတ်ခနိုင် စကားပြောရင်ဒုတ်ထိုးအိုးပေါက် ပဲကများ စတိုင်ကထုတ်ချင်...အိုးမဖြစ်နိုင်တာBaekhyun Chanyeolရဲ့ဂုဏ်ပုဒ်များကိုတွေးတောရင်းခေါင်းခါလိုက်သည်။
Baekhyuna !
Hmm
"မင်းပြောတဲ့Sofiaလေးကဒီနားမှာနေတာလား"
Sofia?
အဲ့တာဘယ်သူလဲ"ကျွန်တော့်အချစ်လေးလေ"
Borr!!!
လန့်လိုက်တာခင်ဗျားကလဲ!!!
အဟန့်
Chanyeol အိန္ဒြေဆည်ပြီးပြန်ထိုင်လိုက်သည်။
"ဘာဖြစ်တာလဲခင်ဗျား...သဝန်တိုတာလား"
"ဆုတောင်းလေ...မင်းလိုငရုပ်သီးတောင့်ကိုကြိုက်မယ့်သူရှိတာအံ့သြသွားလို့"
ခင်ဗျားကြီး!!!
"Chanyeol Hyung ဘာလို့Baekhyunကိုငရုပ်သီးတောင့်လို့ခေါ်တာလဲ"