Unicode❤
ပါတီတစ်ခုတွင်ဖြစ်သည်။
"နင်သိလား...အခုထယ်ဆောင်းကျောက်မျက်ရတနာကထုတ်တဲ့စိန်လက်စွပ်ကတော်တော်တန်ဖိုးကြီးတယ်တဲ့"
"ဒီမှာလေ...ငါ့ရည်းစားငါ့ကိုလက်ထပ်ခွင့်တောင်းတုန်းကပေးတာ
ဒီလက်စွပ်ရဲ့အဓိကဆွဲဆောင်မှုကဘာလဲသိလား
မိန်းကလေးရဲ့လက်စွပ်ကိုယောကျ်ားလေးလက်စွပ်နဲ့ဆက်လိုက်တဲ့အခါအသည်းပုံလေးပေါ်လာတယ်လေ
အဲ့လိုဆက်လို့ရဖို့ကလည်းသူ့အတွဲနဲ့သူမှရတာ
ဥပမာပြောရရင်ဒီကမ္ဘာမှာOppaရဲ့လက်စွပ်လေးကသာငါ့ရဲ့လက်စွပ်ကအသည်းပုံလေးပေါ်လာအောင်ဆက်ပေးနိုင်တာမျိုး...ပြီးတော့အသည်းပုံလေးထဲကစိန်ကBlue diamondလေ သူ့meaningကeternityတဲ့...ကဲမပြည့်စုံသွားဘူးလားဟဟ"ဒီကအမတွေကိုကြည့်ရတာစိန်အကြောင်းစိတ်ဝင်စားတယ်ထင်တယ်နော်"
Dressအနီရောင်ဝတ်ထားတဲ့အမျိုးသမီးလှည့်ကြည့်လိုက်တော့Suitအနက်ရောင်နဲ့လူတစ်ယောက်...
ဝိုင်ခွက်ကိုအသာလှုပ်နေတဲ့သူ့ရဲ့လက်ချောင်းလေးတွေကအနုပညာကိုဖန်တီးမယ့်အဖိုးတန်လက်များပမာ...သူက
Designer Byun!!!
တစ်နည်းခုနကသူမဂုဏ်ယူဝံ့ကြွားစွာဖော်ညွှန်းနေတဲ့လက်စွပ်ဒီဇိုင်းရေးဆွဲသူပေါ့
ရင်းနှီးဖော်ရွေတဲ့အပြုံးပိုင်ရှင်Byunဟာငယ်ရွယ်သော်ငြားလည်းလက်ဝတ်ရတနာဒီဇိုင်းလောကကိုအချိန်တိုတိုအတွင်းမှာထိုးဖောက်လာနိုင်သူဖြစ်တယ်
သူဖန်တီးလိုက်တဲ့ဒီဇိုင်းတော်တော်များများကလည်းပေါက်တာချည်းဘဲHello Madam!
သူ့ရှေ့မှာကမ်းလာတဲ့လက်သွယ်သွယ်တစ်စုံကိုပြန်ကိုင်ပြီးနှုတ်ဆက်လိုက်သည်။
"ကြည့်ရတာစိန်အကြောင်းစိတ်ဝင်စားတယ်ထင်တယ်
ဒီကကျွန်တော်က...စိန်နဲ့ပတ်သတ်တဲ့ရာဇဝင်လေးတစ်ခုလောက်ပြောပြမယ်ဆို...စိတ်ဝင်စားလား"ချက်ချင်းခေါင်းငြိမ့်ပြီးအဖြေပေးလာသောကြောင့်Baekhyunကျေနပ်စွာပြုံးလိုက်သည်။
"Madamတို့ Hope diamondအကြောင်းကြားဖူးလား"
"Arr...ကျွန်မကြားဖူးတယ်Catierကအဲ့ဒါကြောင့်နာမည်ကြီးလာတာလေ"