Unicode❤
Chanyeol...ကားမောင်းနေရင်းမျက်နှာရှစ်ခေါက်ချိုးနဲ့ထိုင်နေတဲ့ငရုပ်သီးတောင့်လေးကိုကြည့်ပြီးပြုံးလိုက်သည်။
"ဘာဖြစ်နေတာလဲ...ပြောစရာရှိတာပြောလေ...စူပုတ်ပုတ်လုပ်မနေနဲ့"
ဘာလို့ကျွန်တော်လဲ!
"ဘာကိုလဲ"
"အခုလိုခင်ဗျားနဲ့ပစည်းတွေလိုက်ဝယ်လိုက်သယ်ရတာကိုပြောတာလေ
သူများတွေကကိုယ့်အဖွဲ့နဲ့ကိုယ်သွားကြတာ...အဖွဲ့လိုက်သွားရင်ပိုပျော်စရာကောင်းမှာကို...ပြီးတော့Nara shiကိုလည်းတူတူသွားမယ်လို့ပြောထားတာ"Nara?
"Jang Naraကိုပြောတာလား
အဲ့ကောင်မလေးနဲ့ကဘယ်လိုဆက်ဆံရေးမျိုးလဲ""အဲ့ဒါခင်ဗျားအလုပ်လား"
"မင်းပြောတော့ငါ့ကိုချစ်တယ်ဆိုပြီး"
"ခင်ဗျားကိုမချစ်ပါဘူး...ဂျယ်ဟာကိုဘဲချစ်တာ"
အဲ့ဒါတူတူဘဲလေကွာ...ကျွတ်စ်!
"Arnyi...ခင်ဗျားကဘယ်တော့မှဘတ်ဂျယ်ဟာဖြစ်လာမှာမဟုတ်ဘူး"
"..."
သူတစ်ခွန်းကိုယ်တစ်ခွန်းအပြန်အလှန်ငြင်းခုံနေကြရာမှချက်ချင်းတိတ်ဆိတ်သွားတဲ့လေထုမှာChanyeolရဲ့သက်ပြင်းချသံကထင်ရှားစွာထွက်ပေါ်လာသည်။
သူအခုတလောစိတ်တွေရှုပ်နေတာ...ငရုပ်သီးတောင့်လေးအပေါ်သူဘယ်လိုခံစားချက်တွေရှိနေမှန်းတော့မသိဘူး......ညှိယူလို့မရတဲ့Equationတစ်ခုကိုဖြေရှင်းနေရသလိုBaekhyunနဲ့ပတ်သတ်တဲ့သူ့ရဲ့ခံစားချက်တွေကလည်းမသေချာမရေရာဝိုးတိုးဝါးတားရယ်...
ဒါပေမယ့်သူမဟုတ်တဲ့အခြားလူတစ်ယောက်နဲ့ပြုံးပျော်နေတာကိုမြင်ရတဲ့အချိန်တိုင်းသူ့ရင်ထဲနာကျင်လာသလိုခံစားနေရသည်။Baekhyunအခြားသူတွေနဲ့ပျော်ရွှင်နေတာကိုသူတကယ်မကြိုက်ဘူး...အဲ့ဒါတွေကြောင့်...Baekhyunကိုတမင်သူတို့နဲ့လိုက်မသွားခိုင်းတာ...နှစ်သစ်ကူးပိတ်ရက်တွေအတွင်းမှာတခြားcompanyတွေလိုoverseaခရီးတွေမပို့ပေးရလို့ဝန်ထမ်းတွေကိုShort trip လေးထွက်ဖို့စီစဥ်ပေးလိုက်တယ်
ဝန်ထမ်းအချို့ကနေရာကောင်းတစ်ချို့ကိုrecommendပေးလာပေမယ့်Chanyeolကတော့သူတို့အားလုံးရဲ့အဆိုကိုပယ်ချပြီးဆိုးလ်မြို့မြောက်ပိုင်းမှာရှိတဲ့Bukhansan အမျိုးသားဦးယျာဥ်ကိုသွားဖို့ဆုံးဖြတ်လိုက်သည်။ကျွန်တော်လေ..."Bukhansanတောင်ကိုတက်ဖူးချင်လိုက်တာ"လို့ပြောဖူးတဲ့ကောင်လေးကြောင့်လည်းပါချင်ပါမှာပေါ့...ဒိတ်ဒိတ်ကြဲCompanyကြီးဖြစ်ပြီးကပ်စီးနည်းလိုက်တာလို့ဝန်ထမ်းတစ်ချို့ကပြောနေလည်းမတတ်နိုင်ဘူး...