Unicode❤
မွန်းတည့်ချိန်တောင်ရောက်တော့မယ်
တောလမ်းကလာလို့သာတော်တော့သည်။ပင်ပန်းလိုက်တာ...မြင်းပေါ်ထိုင်နေတဲ့သူတောင်ဒီလောက်ပင်ပန်းနေရင်ခြေကျင်လျှောက်လာတဲ့ဂျယ်ဟာဆိုဘယ်လောက်ပင်ပန်းလိမ့်မလဲ...မည်မျှပင်အထူးလေ့ကျင့်ထားတဲ့ကိုယ်ရံတော်ဖြစ်နေပါစေသူတို့လည်းအသွေးအသားနဲ့တည်ဆောက်ထားတဲ့လူတွေဘဲဟာ..."အရှင့်သား...ရှေ့နည်းနည်းဆက်သွားပြီးရင်စမ်းချောင်းလေးတစ်ခုရှိတယ်...ရောက်ရင်ခရီးတစ်ထောက်နားရအောင်"
"ငါအဆင်ပြေပါတယ်"
"အရှင့်သား...နေ့လည်စာသုံးဆောင်ဖို့အချိန်တောင်လင့်နေပြီ"
ဘာမဆိုသူ့အတွက်အသေးအဖွဲကစလိုက်၍စဥ်းစားပေးတတ်သောဂျယ်ဟာပါပင်
ထိုသို့တွေးလိုက်သည်နှင့်တင်ပြုံးမိသည်။ဂျယ်ဟာပြောတဲ့စမ်းချောင်းလေးကအမှန်တကယ်ပင်သာယာလှသည်။ရေစီးအနည်းငယ်သန်သော်လည်းကျောက်တုံးကျောင်ဆောင်ကျောက်စရစ်ခဲများကိုဖြတ်၍စီးဆင်းနေသောစမ်းရေကြည်ကြည်မှာအေးစိမ့်နေမှာအမှန်ပင်။စိမ်းစိုသောပတ်ဝန်းကျင်နှင့်ဖြာကျနေသောနေရောင်ခြည်ကြောင့်အလွန်ပင်မျက်စိပသာဒရှိလှသည်။
"အရှင့်သား...ဒီမှာခဏထိုင်ပါအုံး ကျွန်တော်မျိုးရေသွားခပ်လိုက်အုံးမယ်"
ကောင်းပြီ!
နေ့လည်စာကိုတော့ဂျယ်ဟာပြင်ဆင်လာပေးတဲ့မုန့်များကိုသာစားလိုက်သည်။
"တောင်းပန်ပါတယ်"
"Hmm ဘာကိုတောင်းပန်တာလဲ"
"ကျွန်တော်မျိုးကြောင့်အရှင့်သားပင်ပန်းရပြီ"
တယ်...ဒီလူကတော့
ငါကတော့ဖြင့်ဆွေပြမျိုးပြသွားရတော့မယ်ဆိုပြီးပျော်နေတာ...ပင်ပန်းတာတွေတောင်သတိမထားမိဘူး
ဖုံးဖိမရနိုင်အောင်ပြုံးပန်းတဝေဝေဖြစ်နေတဲ့ငါ့မျက်နှာကိုသတိမထားမိရော့လား"ဘယ်ကသာမောင်မင်းကြောင့်ဖြစ်ရမှာလဲ...ငါကအပျော်သက်သက်တစ်ခုထဲကြောင့်လိုက်ခဲ့တာမှမဟုတ်တာ...ခမည်းတော်ကိုအဲ့ဒေသဘက်ကလူတွေရဲ့စားဝတ်နေရေးနဲ့အခက်အခဲတွေကိုအစီရင်ခံရမယ့်တာဝန်လည်းရှိတယ်လေ"