" oppa! "
အပြင်မှပြန်လာသည်ကို ဆီးကြို နေသော ညီမဖြစ်သူကြောင့် chanyeol တစ်ယောက် သက်ပြင်းချရပြန်သည်
ညီမလေးတစ်ယောက်တည်းမို့ အလိုလိုက်ထားသလောက် အရမ်းလည်း ဆိုးသည့်သူမ
ကျောင်းသူတစ်ယောက်နှင့်မတူသော သူမ၏ red hair colour…
သူမအမြဲစီးတတ်သည့် ဒေါက်မြင့်ဖိနပ်များ…
မည်သို့ပင်ဖြစ်စေ သူမသည် ယောက်ျားတိုင်း၏ နှလုံးသားပဲ့ကိုင်ရှင်ဖြစ်ခဲ့သည်
ခုလည်း သူရှုပ်ထားသမျှလိုက်ရှင်းရပြန်ပြီလေ
ကောင်လေးတွေဆိုရင်လည်း တစ်ယောက်ပြီးတစ်ယောက်တွဲတတ်သော မနိုင်စိန်ပါ
" oppa !သူနဲ့တွေ့ခဲ့လား "
" aww တွေ့ခဲ့တယ် "
" ပြောခဲ့လားဟင် "
" suzy ! ညီမလေး ဘယ်ချိန်ထိဒီလိုနေမှာလဲ "
လေးလေးနက်နက်မေးလာသော oppa ကြောင့် suzy မျက်နှာပျက်သွားသည်
" oppa ဗိုက်ဆာတယ် "
စကားလမ်းကြောင်းလွှဲလိုက်သောသူမကို chanyeol နားလည်သော်လည်း
" ဘာစားချင်လဲ "
" တော့ပိုကီ!!!အရသာရှိမှာပဲ "
" ဒါဆိုသွားကြတာပေါ့ "
ဤသို့နှင့် အိမ်အပြင်သို့ရောက်လာကြသည်
chanyeol ဆိုသည်မှာလည်း အခြားသူတွေဆို စိတ်ထားခက်ထန်သလောက် suzy ဆိုးသမျှသည်းခံရှာသည်လေ
suzy မျက်နှာညှိုးလျှင်ပင် နေရခက်နေသူ!
" park suzy shi "
ခေါ်သံကြား၍နောက်သို့ လှည့်ကြည့်လိုက်သည်
စောနက ကောင်လေးပဲ
" suzy shi ! မတွေ့တာတောင်1ရက်ရှိသွားပြီနော် "
" baekhyun ရှင်ဘယ်လိုရောက်လာတာလဲ "
" ကိုယ်ချစ်တဲ့သူနဲ့တွေ့ဖို့ထွက်လာတာလေ "
ပြုံးပြုံးလေးပြန်ပြောနေသောထိုကောင်လေးက သူမ၏ရင်ခုန်သံကို ထိန်းချု ပ်ခဲ့သည်လားမသိ
ရင်ဘတ်မှ တဒိန်းဒိန်းခုန်လာသော အသံတို့သည် နားမှပင် ပြန်ကြားနေရသည်
YOU ARE READING
Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )
FanfictionZG အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်ဝင္လာသောအခါ Uni အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်လာသောအခါ