Part 8

686 50 3
                                    

Puppy baekနှင့် Parkသခင်
Part 8

နေရောင်ခြည်ဖြာကျနေသောမနက်ခင်း။
လူနာကုတင်ပေါ်တွင် ဆေးထိုးပိုက်များဖြင့်မေ့မျောနေသော မိန်းကလေးအားကြည့်ရင်း မနက်ခင်း၏သာယာမှုကိုပင်မခံစားနိုင်။

" လူနာကိုသေချာဂရုစိုက်ပါ Kyung Soo "

" Nae Sambae "

" ဆေးသွင်းချိန် မှန်ပါစေ ငါတိကျတာဘဲလိုချင်တယ် "

စီနီယာ၏မှာကြားသံသည် မပျော့ပျောင်း၊
Sooမျက်နှာတစ်ချက်ရှုံ့မဲ့လိုက်သည်။

လူနာကုတင်တွင်မျော့မျော့လေးလှဲနေသော မိန်းကလေးအားဂရုဏာထားသော်ငြား မိမိကိုဆိုလျှင် ဂရုစိုက်မည်မပြောနှင့်၊အပြစ်တင်နေမည်ဆိုတာချည်းဖြစ်နေသော စီနီယာ Jong Inကိုဆွဲထိုးပစ်လိုက်ချင်သည်။

ချစ်သူုဖြစ်သည့်တိုင် အလုပ်ချိန်မှာ စီနီယာ ဂျူနီယာဆက်ဆံရေးထက်မပိုခဲ့ပါ။သူတို့၏ဆက်ဆံရေးသည်အမည်ချစ်သူသက်သက်သာ။

" Sambae ညနေအားလား ညစာသွားစားရအောင် "

" လူနာအသက်လုနေရချိန်မှာ ညစာထိုင်စားနေရတဲ့အထိ ငါအချိန်မအားဘူး "

စကားကိုမာမာထန်ထန်ပြောပြီး တံခါးကိုဆွဲပိတ်ထွက်သွားသောSambaeအားကြည့်ရင်း Kyung Sooမျက်ရည်တို့ဝိုင်းလာသည်။

ကုတင်ပေါ်တွင် မေ့မျောနေသောမိန်းကလေးအားမျက်ရည်တို့ကိုလက်ဖြင့်သုတ်ရင်းငေးကြည့်လိုက်သည်။

မင်း..တကယ်ကို ကံကောင်းလွန်းတယ်ဘာမှမတွေးဘဲ ကောင်းကောင်းအိပ်စက်နေနိုင်လို့.......
_____________________________

" ညီမလေး ဘာမှမဖြစ်ဘူး အကိုရောက်နေပြီ "

ဆေးရုံပေါ်တွင် ညီမဖြစ်သူ၏လက်ကို ကိုင်ကာ အသိစိတ်မကပ်ဖြစ်နေသော Park Chanyeolအားကြည့်ရင်း စိတ်မကောင်းဖြစ်လာသည်။

"ဟို..စိတ်မပူပါနဲ့ ပွန်းပဲ့ထိခိုက်မိရုံဘဲတဲ့ "

" ငါ..သူ့မိဘတွေကို သူ့ကိုစောက်ရှောက်မယ်လို့ဂတိပေးခဲ့တာ "

Baekhyunမျက်လုံးလေးများပြူးကျယ်သွားသည်။Chanyeolကတော့Baekhyunအံ့သြခြင်းကိုမသိမသာလျစ်လျူ ရှုကာဆက်ပြောနေသည်။

Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )Where stories live. Discover now