Part 11(I hate winter)

558 45 2
                                    

မြတ်နိုးခြင်းနှောင်ဖွဲ့သော.....အဖြူ စင်ဆုံးမေတ္တာ....သူမလိုချင်ခဲ့ဖူးပါသည်။

တောင်းလည်းတောင်းခံခဲ့ဖူးသည်။

ပြန်စဉ်းစားကြည့်တိုင်းလည်းနာကျင်သည်။
ဟုတ်တာပေါ့ သူမအတွက်...ဘယ်တော့ မေ့ဖျောက်မရနိုင်တဲ့အတိတ်ဆိုးတွေ..

"ကိုကို ကိုကို ဆူးလေးနေမကောင်းဘူး"

"ဆူးလေး အံဆွဲထဲမှာ ဆေးရှိတယ် သောက်ထားလိုက်နော် ကိုကို ငယ်လေးအသက်ရှူမမှန်လို့ဆေးခန်းပြလိုက်ဦးမယ်"

"ကိုကို ကိုကို..ဆူးလေး.."

"ကိုကိုပြန်လာခဲ့မယ် ဆူးလေး"

ငိုမဲ့မဲ့မျက်နှာထားလေးလုပ်နေသော သူမကို ကိုကိုက ခေါင်းလေးပုတ်ပြီးထွက်သွားသည်။ကိုကို သူမ၏ မျက်ရည်ကို မမြင်တာလား…မမြင်ချင်ယောင်ဆောင်ပြီးလှည့်ထွက်သွားတာလား သူမ မသိချင်ပါ။

မေမေနဲ့ဖေဖေနှစ်ယောက်လုံးက သူမကိုဂရုမစိုက်နိုင်တဲ့အခါမျိုးမှာ ကိုကို့ ကို သူမတောင်းတခဲ့သည်။

ကိုကို…
သူမ၏ တစ်ဦးတည်းသောအကို…
သူမ၏ သွေးသားရင်းချာ…
တစ်လောကလုံးမှာ သူမအယုံကြည်ဆုံးယောက်ျားတစ်ယောက်…

ကိုကိုသူမကိုလျစ်လျူရှုသွားခဲ့သည်။ငယ်လေးကြောင့်…ကိုကို့ ကို သူမအဆုံးရှူံးမခံနိုင်ပါ။ကိုကို သူမကလွဲလို့ အခြားတစ်စုံတစ်ယောက်ကို ဂရုစိုက်တာမျိုး သူမ မလိုလားပါ……

"ကိုကို ဆူးလေးကို မချစ်ဘူး"

ဖြေးဖြေးလေး ရေရွတ်လိုက်သည့်အဆုံး သူမ မျက်လုံးများဝေဝါးသွားသည်။

အဖျားချိန်ကြောင့်နီရဲနေသောမျက်နှာသည် ခဏကြာသောအခါ ဖျောတော့သွားသသည်။သူမ၏ခြေထောက်များသည် ခွေယိုင်လဲကျလာသည်။သူမမသိခင်မှပင် သူမသည်ကြမ်းပြင်တွင်လဲကျနေနှင့်ပြီးဖြစ်နေသည်။သူမတွင် အသက်ရှူ ရန် အင်အားခပ်ယဲ့ယဲ့သာရန်တော့သည်။

ဆောင်းတွင်းဘက်ဖြစ်သည့်အပြင် နှင်းမုန်တိုင်းအသိပေးချက်ထုတ်ပြန်ထားသောနေ့……
တိုင်ကပ်နာရီမှ စက္ကန့်ရွေ့သံသည်ကျယ်လောင်လှသည်။မီးလင်းဖို လေးတွင် ထင်းမီးစတို့ ကုန်ဆုံးစပြုနေပြီ…အခန်းတစ်ခုလုံး မှောင်မဲလျက် လူသူကင်းမဲ့နေသည်။

Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )Where stories live. Discover now