Part 12

472 37 0
                                    

လွန်ခဲ့သော ဆယ်နှစ်ခန့်…

ကလေးမလေးတစ်ဦး၏ ဆံနွယ်ရှည်လေးများကို ဖြီးသပ်ရင်း ပိုးဖဲဖြင့်ရိုးရိုးရှင်းရှင်းလေး စည်းနှောင်ပေးနေသော ကောင်လေးတစ်ယောက်…

ထိုကောင်လေးသည် ကလေးမလေးနှင့် အသက်အရွယ်သိပ်မကွာသေးသော်လည်း  ကလေးမလေးအား မေတ္တာရိပ်တို့ဖြင့်သာ ကြည့်သည်။

သူ၏ မျက်ဝန်းများတွင် ထိုကလေးငယ်အား ကာကွယ်စောင့်ရှောက်ချင်သည့် ပုံရိပ်တို့သာ ထင်ဟပ်လျက်ရှိသည်။

ရယ်လိုက်လျှင်မှေးသွားတတ်သည့် ထိုကောင်လေး၏ အပြုံးအား Chanyeol ဘေးမှထိုင်ရင်းငေးမောနေလိုက်သည်။

မဟုတ်လျှင်လည်း သူအကြည့်မလွှဲနိုင်မဟုတ်ပါလား…

"Yeollie ကြည့်နေတာရပ်တော့ကွာ"

"ကြည့်မဝဘူး"

"ဟင်း..မင်းကတကယ်ခေါင်းမာတတ်တယ် Yeollie"

နှုတ်ခမ်းလေးကိုမဲ့ပြတော့ Dreamyရဲ့ဘေးက ကလေးပေါက်စလေးကရယ်သည်။

"သူက ဘယ်သူလဲ"

"ငယ်လေးက oppaနဲ့လက်ထပ်မဲ့သူ"

Chanyeol၏အမေးကို ထိုကလေးမလေးက ချက်ချင်းပင် ဖြေလေသည်။

Chanyeol၏ မျက်ခုံးနှစ်သွယ်သည် သိသိသာသာပင်ကွေးတွန့်သွားသည်။

မျက်မှောင်ကျုတ်ရင်း ဆူပုတ်သွားသော သူငယ်ချင်းဖြစ်သူ အား ကြည့်ရင်း Dreamy မသိမသာလေးပြုံးသည်။

"ငါ့ညီမပါ …ငယ်လေးက ငယ်သေးလို့"

"ဟေ့ ကလေးမလေး Dreamyက ငါနဲ့လက်ထပ်မှာ"

"ငယ်လေးသွားကစားဦး"

မျက်လုံးပြူးကျယ်ကျယ်လေးနှင့် ရှေ့ဆံပင်ချထားသော အူယားဖွယ်ကလေးမလေးက မျက်လုံးလေးပေကလယ် ပေကလယ်ဖြင့် နားမလည်နိုင်…ကစားရန်ထွက်သွားသည်။

ဆိုလိုရင်းကို နားလည်သော Dreamyကတော့ ဘာမှမပြောဘဲသာနေလေသည်။

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း ဟုဆိုလျှင် Dreamyသည် သူ့အချစ်ကို အသိအမှတ်ပြုလိုက်ပြီမှာ တစ်ရာ,ရာခိုင်နှုန်းသေချာသည်။

Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )Where stories live. Discover now