နွေဦး၏သစ်လွင်မှုနှင့်အတူ နိုးထလာရသောမနက်ခင်းမှာလည်း သာယာမှုအတိရှိပါဘိ" Omma သားကျောင်းသွားတော့မယ် "
" Omm ကောင်းကောင်းသွားနော် "
" nae… "
Omma အားနှုတ်ဆက်ပြီးနောက်ကျောင်းသို့ခပ်သွက်သွက်လျှောက်လာခဲ့သည်
Earphone ကိုတပ်၍ volumeအမြင့်ဆုံးထားကာ ' Beautiful ' သီချင်းကိုဖွင့်လိုက်သည်
ဒီသီချင်းလေးကို Baekhyun အမြဲနားထောင်လေ့ရှိသည်
မူရင်းသီဆိုသူ၏ အသံက ချိုအေးသလို သီချင်းစာသားမှာလည်း အဓိပ္ပါယ်များစွာပါဝင်သည်လေ………
တီ……တီ!တီ!!!!!
အသံရှည်ဆွဲ၍တီးနေသောကားဟွန်းကတော့baekhyun၏သီးချင်းသံကျယ်ကျယ်ကိုမလွှမ်းခြုံနိုင်ပါ
လမ်းဖြတ်ကူးသည့်အခိုက် အနည်းငယ်လွင့်ထွက်သွားသော ကိုယ်လေးနှင့်အတူ မြေပြင်ပေါ်သို့လဲကျသွားသည်ကိုတော့ မှတ်မိလိုက်သည်
ထို့နောက် ကျွန်တော်အမြင်အာရုံတို့ မှောင်ရီဝေဝါးပျောက်ကွယ်သွားလေသည်
" လူနာရှင်ရှိလားရှင့် "
မေးလာသောnurseကြောင့် Park chanyeol ထိုကောင်လေးကို စောင်းငဲ့ကြည့်လိုက်သည်
" ဟုတ် ကျွန်တော်ပါ ကုန်ကျစရိတ်ကိုကျွန်တော်ရှင်းပေးပါ့မယ် "
" ဟုတ်ကဲ့ပါရှင့် "
ထိုလူသားလေးအားလူကောင်လေးသေးသလောက် တကယ့်မလွယ်ကြောလေး ဟုမှတ်ချက်ပြုမိသည်
ကောင်လေးကိုအသေအချာကြည့်လိုက်တော့ ဖြူနုနုမျက်နှာလေးမှာ ပန်းနုရောင်နှုတ်ခမ်းသားလေးကနေရာယူထားသည်
နဖူးပေါ်မှ ဝဲကျနေသောဆံပင်တို့က ပိုးသားလိုနူးညံ့လှပါသည်
နှုတ်ခမ်းထောင့်တွင်မြင်လိုက်ရသောသွေးစအချို့ကြောင့် chanyeol ရင်ထဲမကောင်းနိုင်ပါ!!
ခြေထောက်လည်း ထိခိုက်သွားသည်
လက်မှာလည်း ပက်တီးစီးရသည်
ကိုယ် ဒီအခြေအနေရောက်အောင် ဖန်တီးခဲ့မိတာလားကလေးရယ်…(ဟာဗျာ Pcyရယ်)
YOU ARE READING
Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )
FanfictionZG အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်ဝင္လာသောအခါ Uni အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်လာသောအခါ