ပန်းများရောင်းချသောဆိုင်ခန်းအတွင်း လူတစ်ယောက်အလုပ်ရှုပ်လျက်ရှိသည်။ရှည်လွန်းအရပ်ကလန်ကလားကြီးဖြင့် အပေါ်ဘက်၌ နမူနာပြထားသောပန်းစည်းတို့ကိုလည်းဆွဲယူနေသေးသည်။မစီးရသေးသောပန်းကိုလည်း ကိုင်ကြည့်သေးသည်။
"ဒီပန်းလေး မဟုတ်သေးဘူး ဒီအဖြူ ရောင်ပန်း"
"ဟုတ် အစ်ကို ပြင်ပေးရတော့မလားဟင်"
"မဟုတ်သေးဘူး အနီဆိုရင်ကောင်းမယ်"
"အနီလေးပြင်ပေးရမလား"
"အင်း အနီလေးပြင်ပေးပါ"
နှစ်နာရီလောက်ရွေးပြီးနောက်တွင် Park Chanyeolတစ်ယောက်စိတ်တိုင်းကျသွားလေဟန်ရှိသည်။
ဆိုင်အရောင်းဝန်ထမ်းမလေးကတော့ မလိုမကျဟန်မျက်နှာမဲ့နေလေပြီ။
Park Chanyeolအတတ်နိုင်ဆုံးသွားကိုဖြီးပြလိုက်သည်။ထိုကောင်မလေးကို မျက်နှာချိုသွေးထားမှ အကောင်းဆုံးအလှဆုံးပန်းစည်းရမည်။
"ညီမ…လှလှလေးစည်းပေးပါ"
"စိတ်ချပါ ဒါနဲ့ first day dateထင်တယ်နော်"
"ဟီး ဟုတ်တယ်ဗျ"
"အကို့ကောင်မလေးတော့ ပျော်နေတော့မှာဘဲ"
"ကောင်လေးပါ"
"ဟင်"
အရောင်းဝန်ထမ်းမလေး မျက်လုံးပြူးကျယ်သွားဟန်ရှိသည်။သူ့မကြည့်ရတာအံ့သြသည့်ပုံမပေါ်ဘဲ တစ်ခုခုကိုအလျင်အမြန်စဉ်းစားနေသည့်ပုံပေါ်သည်။ထို့နောက်သူမ၏နှုတ်ခမ်းလေးသည်ပြုံးနေရာမှ နှစ်နှစ်ခြိုက်အသံထွက်၍ရယ်လိုက်သည်။
"Eaintရေ လာပါဦး"
ထိုကောင်မလေးက chanyeolနားမလည်နိုင်သောစကားဖြင့် အခြားမိန်းကလေးတစ်ဦးအားခေါ်သည်။
"ဒီက အကို ညီမတို့ အကို့ကိုတစ်ခုပြင်ဆင်ပေးမယ်နော် လက်ဆောင်အနေနဲ့ပေါ့ ညီမတို့နှစ်ယောက်က fujoshiတွေလေ"
"ဗျာ ဖူ…ဖူဂျီ"
"မဟုတ်ပါဘူး Fujoshiပါ အဲ့လိုဘဲသိထားပေးပြီး ညီမတို့ကူညီပါရစေနော်"
ဝန်ထမ်းမလေးဘေးရှိမိန်းကလေးမှ ထပ်ပြောပြန်သည်။Chanyeolလည်းမတတ်နိုင်သည့်အဆုံး ထိုဖူဂျီနှစ်ဘူးအားလက်ခံလိုက်ရလေသည်။
YOU ARE READING
Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )
FanfictionZG အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်ဝင္လာသောအခါ Uni အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်လာသောအခါ