" ဟိုလူကြီး, . . "
" ဘာလဲ လူကြီးမဟုတ်ဘဲ အခြားပြောင်းခေါ်ပါလား "
" ထားလိုက်ပါ ခင်ဗျားခရီးသွားမယ်ဆိုတာဟုတ်လား "
" အင်း Suzy ကိုသွားတွေ့ မလို့ "
" Arrr Nae..Suzyကိုပြောပေးပါ ကျန်းမာရေးဂရုစိုက်ပါလို့ ပြီးတော့ ကျနော်... "
" မင်းမပြောခိုင်းရင်တောင် ပြောမှာ စိတ်ချ သူကငါ့ညီမ ဒါဘဲမလား ပြောချင်တာ "
" အာ nae ဒါဆိုလည်း ကောင်းကောင်းသွားပါ Park Chanyeol shi "
" အင်း !! "
မနက်အစောကြီး အခန်းတံခါးလာခေါက်..အိပ်နေတဲ့သူကို နှိုးပြီးပြောသွားတာက စကားတခွန်း နှစ်ခွန်းသာ
ဒီကလေး suzyကိုတော့ တကယ်ဂရုစိုက်တတ်တယ်
ဟင်း…Park Chanyeolအဖြစ်ကလည်း ညီမကိုတောင်အားကျနေရတဲ့အဖြစ်
Suzyဆိုမှ ညီမစုတ်ကိုPhဆက်ဦးမှပါ
တွေးရင်းဖြင့် Chanyeol ဖုန်းကိုထုတ်ပြီးလက်ချောင်းများကို အလုပ်ပေးလိုက်သည်
သို့သော် ဖုန်းကတော်ရုံနှင့်မဝင်
ခါတိုင်း ဘယ်လောက်အလုပ်များများ အကိုဖြစ်သူ၏ဖုန်းကိုတော့ အမိအရအချိန်လုကိုင်တတ်သည်
ယခုတွင်ကား
" ငါစိတ်ပူလွန်နေတာနေမှာပါ "
ကိုယ့်ကိုကိုယ် ပြန်အားပေးဖြေသိမ့်လိုက်ရတော့သည်
ချစ်တဲ့ ညီမစုတ်လေး အဆင်ပြေပါစေ
_____________________________" မနက်က ခရီးသွားရင် ဂရုစိုက်ဖို့မှာမလို့ကို အတင်းနှင်ထုတ်နေတာ "
အိပ်ခန်းထဲတွင် မကျေနပ်သမျှ ပေါက်ပေါက်ဖောက်နေသော Baekhyunee သည်
Park Chanyeolအားလုံးဝအခဲမကျေနိုင်!" ဘာမှာမလဲတောင်မမေးဘူး အကျင့်အကောင်းတဲ့လူ "
စောင်ပုံထဲကွေးကာ ပြောချင်ရာပြောရင်း ခေါင်းအုံးအား တဒုန်းဒုန်းထုနေသည်
" တော်ပြီ TVဘဲကြည့်တော့မယ် "
တယောက်တည်း ပွစိပွစိပြောကာ TVခလုတ်ကိုဖွင့်၍ ပေါက်ပေါက်ဆုပ်ထုပ်ကြီးပိုက်.. ကြည့်ရန်အသင့်
" ဒီနေ့ Seoulမြို့ရဲ့ရာသီဥတုအနေအထား ကောင်းမွန်သာယာနေတာကြောင့်....... "
TVမှထွက်ပေါ်လာသော သတင်းစကားကြောင့် စောနက စောင်ပုံထဲပုဝင်နေသောကောင်လေးမှာ ကုန်းထလာသည်
" ဟိုလူကြီးကြောင့် ငါ့ဇာတ်ကားလေးလွတ်သွားပြီ "
Park Chanyeolအားအပြစ်လှမ်းဖို့ရင်း လိုင်းပြောင်းရန်TV နားသွားကာ ခလုတ်ကိုကိုင်လိုက်သည်
အမှတ်တမဲ့ ခလုတ်အားမကိုင်မိဘဲ wireကြိုးစားကိုင်မိလေတော့ ကိုယ်ခန္ဓာတခုလုံးထူပူနာကျင်ထုံထိုင်းသွားသည်
"Park Chanyeol!!!!!"
_____________________________
အပေါ်ထက်အခန်းမှ Baekhyun၏အော်သံကြောာင့် ပြူးပြူးပြာပြာနှင့် အဒေါ်ကြီးရောလူကြီးပါရောက်လာသည်
" ကလေး ဘာဖြစ်သွားသေးလဲ "
" ဟီး ဘာမှမဖြစ်ဘူး ဓာတ်လိုက်တာ..တစ်ကိုယ်ကျဉ်လုံးသွားတာဘဲ "
Chanyeol ၏ပြာသလဲလဲမေးခွန်းကပင် Baekအတွက် သက်သာသွားဟန်
ဒီနေ့ ဓာတ်လိုက်ခိုင်းတဲ့ ကံတရားကြီးကို ထိုင်ရှိခိုးချင်တာ…ကျေးဇူးတင်လွန်းလို့
" ဒါဆို ဆေးခန်းပို့ပေးရမလား "
" ရတယ် မလိုဘူး "
" ဒါဆို…ဒီနေ့နေသာတော့ အပြင်… "
" ပြည်ပသတင်းတွေကတော့ ကနေဒါမှာဖြစ်ပွားခဲ့တဲ့ ကားတစ်စီးချောက်ထဲပြုတ်ကျတဲ့သတင်းပဲဖြစ်ပါတယ် မောင်းသူကတော့ ခေါင်းပိုင်းထိခိုက်ထားပြီး အရေးပေါ်ကုသနေရပါတယ် "
နားထောင်ခြင်းမရှိဘဲ ဝင်ရောက်သော သတင်းအစအနက ကနေဒါ…
ကြိုတင်တိုက်ထားခြင်းမရှိဘဲ နှစ်ဦးလုံး၏အကြည့်က TVဆီကိုရောက်ရှိသွားကြသည်
" ယာဉ်မောင်းမှာ မိန်းကလေးဖြစ်ပြီး အသက်20ခန့်ဖြစ်ပါတယ် "
ဖန်သားပြင်ပေါ်မှ ဖြစ်ပွားရာနေရာတို့အားပြသပြီးနောက်ယာဉ်မောင်းသူ၏အရေးပေါ်ပုံတို့ပါ ပြသနေသည်
တချိန်တည်းမှာပင် နှစ်ယောက်လုံး သွေးပျက်စွာ ရေရွတ်မိသည်က
" Park Suzy "
TBC
written by Leo
YOU ARE READING
Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )
FanfictionZG အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်ဝင္လာသောအခါ Uni အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်လာသောအခါ