Part 13(If we will marry..)

484 25 2
                                    

Uni

နေ့တစ်နေ့၏ စတင်ခြင်းသည် ချစ်သူ၏ အနမ်းကြောင့် ပိုမို အသက်ဝင်သည်ဟု ဆိုရမည်။ကျ​နော့်၏တစ်နေ့တာသည်လည်း ပါပီလေးရှိမှ ပိုမိုပြည့်စုံသည်။

ယခုအခါတွင်ကား..ချစ်ရသော ကလေးတစ်ယောက်မှာ သူ၏မွေးမိခင်ဆီသိူ့ပြန်သွားသည်မှာ တစ်ပတ်ပင်ရှိသော်ငြား စာမလာသတင်းမကြား...။

မျက်နှာတော်ကို ဖူးမြော်ချင်ပါသည်ဟု ဆိုတော့လည်း မောင်မင်းကြီးသားက အလုပ်ရှုပ်နေပါတယ်တဲ့။

ဒီလိုနဲ့ ပါပီပေါက်ကို လွမ်းရတာ တစ်ပတ်ကျော်သွား
လေပြီ။ကိုယ်ကသာ လွမ်းနာ ကျနေသလောက် သူ့ဘက်က​ အဆက်အသွယ်မလုပ်သော ချစ်ရသူလေးကို တွေ့ခါမှ အတိုးချနမ်းပစ်မည် ဟုတေးမှတ်ထားလိုက်သည်။

"ကိုကို"

အခန်းတံခါးကိုလာခေါက်သော သူမှာ ကျွန်နော့်၏ ချစ်ညီမ...

"ဝင်ခဲ့ ညီမလေး"

"ကိုကို့ အခန်းကို သန့်ရှင်းပေးချင်လို့..."

မျက်လုံးလေး ပေကလယ်ပေကလယ် လုပ်ရင်းပြောလိုက်တော့ ပတ်ချန်းညောကြီးက အရည်ပျော်ကျသွားသည်။ညီမကိုချစ်တာကိုး...ငယ်ငယ်ကသူခေါ်လာခါစကလည်း ဒီလို ရုပ်လေးလေ..

"တစ်ခုခုတော့ ထူးခြားနေပြီ...ဘာလဲ လက်က်ိုင်အိတ်လိုချင်ပြန်ပြီလား...ဒါမှမဟုတ်ကားလား"

"ကိုကိုကလည်း ညီမလေးက ဒီတိုင်း ကူညီပေးချင်တာပါ"

"အင်းလေ ဒါဆိုလည်း လုပ်ပေါ့"

သူမ၏ ကိုကိုက သူမ၏ခေါင်းလေးကို ပုတ်ပေးပြီး ထွက်သွားသည်။

သူမလည်း လှည်းကျင်းစရာများကို လှည်းကျင်းပြီး စာအုပ်များကို ဖုန်သုတ်သည်။ကနေဒါမှာ တစ်ယောက်တည်းဖြတ်သန်းခဲ့ရသည်မှာ ကြာပြီဖြစ်သော Sujiအဖို့တော့ အရာရာကိုလုပ်ကိုင်တတ်နေပြီ..

သူမတွင် ငယ်ငယ်က ကိုကိုတစ်ယောက်ရှိခဲ့သည်။သူမ အတွက်သူက နတ်သားလေးလို...ဂရုစိုက်တယ်..သနားကြင်နာတတ်တယ်..နွေးထွေးတယ်..သူမရဲ့ ကိုကိုက အခု Park Chanyeol နှင့်သိပ်တူသည်။

မတူညီတာက သူမရဲ့နှလုံးသား..အရင်က ကိုကို ကို အကိုတစ်ယောက်လိုချစ်သည်။Park Chanyeolကို သူမ ...

Puppy BaekနဲႉPark သခင်( Puppy BaekနဲႉPark သခင္ )Where stories live. Discover now