Part 3

867 69 0
                                    

" တောက်!ဒါသက်သက်suzyကိုလက်စားချေတာ"

Park chanyeol တစ်ယောက်ကတော့ ကျိပ်မနိုင်ခဲမရဒေါသဖြစ်နေရဲ့

Suzyလား??Suzyကိုတော့ chanyeol နားမလည်နိုင်သောပါ

ခိုးခိုးခစ်ခစ်ထရယ်နေသည်လေ…

" Yar…Suzy "

မကျေနပ်၍အသံကြီးကို ဆွဲပြီးအော်နေသော အစ်ကိုဖြစ်သူအား Suzy ကြည့်လိုက်မိသည်

" oppaရေ con conပါ နောက်ဆုံးတော့ငါ့အစ်ကိုကြီး စွံတော့မယ်"

" yar……park suzy ဒါအားလုံးမင်းမ
ကောင်းလို့ဖြစ်တာ! "

ရှက်ရမ်းရမ်း၍ပြောနေသော အစ်ကိုဖြစ်သူအားကြည့်ရင်း သူမရယ်မိပြန်သည်

* ဒီတိုင်းဆိုရင်တော့ ငါ့အကြံအစည်အောင်မြင်တော့မှာပါ *

တကယ်တော့ Suzy ဆိုတာစိတ်ရင်းကောင်းပြီး စာနာတတ်တဲ့မိန်းကလေးတစ်ယောက်ပါ

သာမာန်လူတွေဆို သူမအပြုံးအောက်မှာတင် ကျရှုံးနိုင်သည်အထိ လှရက်သောသူမ!!

ခေတ်ဆန်ဆန်နေတတ်သည်ကလွဲရင် ကျန်တာမှာဘာမှပြောစရာမရှိအောင် ပြည့်စုံလွန်းသည့်သူမ!!

အစ်ကိုတစ်ယောက်တည်းကိုသာကလေးတစ်ယောက်လို နွဲ့ဆိုးဆိုးတတ်သောသူမက အလုပ်လုပ်လျှင်တော့ လူကြီးဆန်၍ ပြတ်သားတတ်သည်

ဘယ်လိုပဲ ကြည့်ကြည့် သူမကို ပိုးပန်းနေကြသည့် သူဌေးသားများကလည်း တပုံတပင်

သို့သော် သူမတွဲခဲ့ဖူးသောယောက်ျားတိုင်းက သူမ၏ထက်မြက်မှုကို လေးစားသလို လန့်လည်းလန့်ကြသည်

အရာရာကို နှလုံးသားနှင့်မဟုတ်ဘဲ ဦးနှောက်ဖြင့်သာဆုံးဖြတ်တတ်သော သူမက ရင့်ကျက်နေသည်လား

" oppaကို suzy ပြောပြရမလား "

" ဘာလဲ အဆုံးမရှိ အစမရှိ "

" oppaတို့လက်ထပ်ရင် မျိုးရိုးကို parkယူနော် "

လျှာလေးထုတ်ရင်းလှောင်ပြောင်နေသောသူအကြောင့် chanyeol ခမျာ မျက်နှာကြီးနီရဲလာရသည်အထိ!

" oppa ညီမလေး ကနေဒါကိုသွားရမယ် "

" ဟင် suzy အကိုကိုမပြောဘဲ ဘာလို့သွားမှာလဲ "

Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )Where stories live. Discover now