နန်းတော်တမျှ ခမ်းနားတင့်တယ်လှသော အိမ်နှင့် အလွန်ကျယ်ဝန်းသော ခြံဝန်းကျယ်ကြီးက Park အိမ်တော်၏ အင်အားလွှမ်းမိုးနိုင်မှုကို ထင်ဟပ်စေသည်
အဆုံးသတ်မမြင်ရသော ခြံကျယ်ကြီး၏ နောက်ပိုင်းတွင် ထင်းရှူးပင်တို့က ထူထပ်စွာပေါက်ရောက်နေသည်
Lilac ချုံပန်းတို့ကအိမ်ထောင့်ဘက်အနားသတ်တွင် ပြန့်ကျဲစွာရှိနေသည်
တခါတခါ လေအဝှေ့မှာတော့ Lilac ပန်းတို့၏ရနံ့သည် ခံစားမှုတခုကိုပေးစွမ်းနေတတ်သည်
" ရောက်ပြီ "
park chanyeol သည် Wheelchair ကိုတွန်း၍ပြောရင်း အိမ်ထဲသို့ဝင်လာလိုက်သည်
" ဒါ ခင်ဗျားအိမ်လား "
" Omm ကိုယ့်အိမ် မင်းအမေပြန်မရောက်ခင်ထိ ကိုယ်စောင့်ရှောက်ပေးမယ် "
" အာ ဟုတ်! "
စကားနည်းနေသော baekhyun အား chanyeol အရိပ်အကဲကြည့်လိုက်တော့ တစုံတခုကို ရှာဖွေနေပုံဘဲ
တစုံတယောက်ဆိုပိုပြီးမှန်မှာပေါ့
" အဒေါ်ကြီး ဒီကလေးကို အခန်းပြင်ပေးလိုက်ပါ "
အိမ်ကူ အဒေါ်ကြီးအား လိုအပ်သမျှစီစဉ်ပေးရန်မှာကြားပြီး မိမိအခန်းသို့သာပြန်လာခဲ့သည်
တကယ်ဆို ဒီနေ့ chanyeol လန်းဆန်းမှုအပြည့်ရှိနေသည်
ဟိုကလေးကို စောင့်ရှောက်ရမည်ကြောင့်လား
မိမိ အပြစ်တာဝန်ကင်းသွားပြီကြောင့်လား
မရေရာပါဘဲ......
သို့သော် ထိုခံစားမှုသည် နှလုံးသားချင်း ချေနင်း စတေးရာတွင် အနာကျင်ဆုံးအပြုံးအဖြစ် ဖြစ်တည်လာသောအခါတွင်ကား!
မင်းကိုချစ်မိသွားတဲ့အခါ...
မဖြစ်နိုင်တဲ့အရာတွေကိုတောင် မျှော်လင့်တတ်လာတယ်
မင်းကို ချစ်မိသွားတဲ့အခါ...
ကောင်းကင်ကကြယ်တွေကို အဓိပ္ပါယ်မဲ့ ထိုင်ငေးရင်း ရေတွက်တတ်လာတယ်
မင်းကို ချစ်မိသွားတဲ့အခါ...
ငါဟာမင်းအတွက် မင်းရဲ့စေလိုရာပေါ့
YOU ARE READING
Puppy BaekနှဲူPark သခငျ( Puppy BaekနှဲူPark သခင် )
FanfictionZG အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်ဝင္လာသောအခါ Uni အူကြောင်ကြောင်puppyပေါက်တစ်ယောက် Park Chanyeol၏ နှလုံးသားသို့ ဝင်ခွင့်ကပ်ပြားမပါဘဲခြံတိုး၍ ဝင်လာသောအခါ