Chapter {2}
နောက်တစ်နေ့ နံနက်တွင် ကျောင်းသို့လာခါနီးအိမ်ကအထွက် မိုးတွေအုံ့ပြီးညို့မှိုင်းနေလေရဲ့ .........
Chenmyae.... အိမ်းး...ဒီလိုရာသီဥတုအခြေအနေနဲ့တော့ ငါဖြင့်ကျောင်းတောင်မသွားချင်တော့ဘူး ဟုပြောနေရင်း
ဧည့်ခန်းထဲမှ..... မြေးလေးရေ နောက်ကျနေပြီလေ မြန်မြန် လာတော့ ကျောင်းမမှီဘဲနေမယ် အမြဲတမ်းရှပ်ပြာရှပ်ပြာနဲ့ လုပ်လိုက်ရင်တလွဲ ကြီးဘဲ
Chenmyae..အဖွား သမီးကျောင်းသွားတော့မယ်နော်.....
ခဏနေအုံးလေ ဘာမှလည်းမစားသွားဘဲနဲ့တစ်ခုခုယူသွားအုံး ခဏလေး....ခဏလေး....အဖွားငှက်ပျောသီးထည့်ပေးလိုက်မယ်
ရော....ယူသွား ဆာရင်အဆာပြေစားနော် ဒါနဲ့မိုးအုံ့နေတယ် ထီးရောပါရဲ့လား😒Chenmyae...ဟုတ်ကဲ့ ထည့်ပြီးပါပြီ သမီးသွားတော့မယ်နော် တာတာ့မွမွ
At school.....
Chenmyae...ကျောင်းတက်ရတာဖြင့် ငါနဲ့နှစ်ရက်တောင်မပြည့်သေးဘူး အခုထဲကပင်ပန်းနေပြီ မနက်အစောကြီးထရတာကတစ်မျိုး.. အချိန်မှီအောင်ပြင်ရတာကတစ်မျိုး..နောက်ကျလို့မနက်စာ၀၀လင်လင်မစားရတာကတစ်မျိုးဆိုပြီး....သက်ပြင်းကိုမြေကြီးကွဲမတတ်ချပြီး ကျောင်းအ၀င်တစ်လျောက်လုံး ညည်းညူနေစဉ်.....
သူ၏နောက်ကနေ ရှေ့ကိုကျော်တက်၍လမ်းလျောက်သွားသူမှာ ပိုးဟပ်ဖြူလေးဖြစ်နေသောအခါ ညည်းညူစိတ်များပျောက်ကာ စူးစမ်းစိတ်ဖြင့် အနောက်မှလိုက်ချောင်းလေသည်÷÷÷÷÷
Chenmyae....အယ်...သူက Bio ခန်းကလည်းမဟုတ် Eco ခန်းကပါလား သူ့အခန်းက အပေါ်ထပ်မှာပါလား Ecoအပေါ်အခန်းက ဆိုတော့ စာကမတော်ပါလား ပိုးဟပ်ဖြူလေးက 😁 ထိုင်တဲ့နေရာလေးပါလိုက်ချောင်းကြည့်အုံးမယ်😝 အာ....ထောင့်ဆုံးမှာထိုင်ပါလား ငါနဲ့တော့ထိုင်တဲ့နေရာချင်းတူသားဘဲ ငါ့လိုအပြင်ငေးတာဝါသနာပါတဲ့သူနဲ့တူတယ်😂 အယ် အဲ့တာနဲ့ဘဲကျောင်းကခေါင်းလောင်းတီးတော့မယ် ငါ့အခန်းအမြန်ပြေးမှဘဲ ဘာပဲဖြစ်ဖြစ်သူ့အခန်းငါသိရတာနဲ့တင် ကျေနပ်ဖို့ကောင်းနေပြီ ဟီးဟီးဟီး နောက်မှသွားကြောင်အုံးမယ်.... အခုတော့ငါ့အခန်းဆီအမြန်ပြေးရမယ်.....
YOU ARE READING
ငယ့်ရဲ့စွန်ကလေး
Romantizmငယ့်ကိုသာ ငါ့ဘေးနားမှာထားနိုင်မယ်ဆိုရင်..ချိုသာသောအလိမ်အညာတွေနဲ့ ငါလိမ်ညာမိမှာ.... Sweet Lies