2

789 62 8
                                    


Zhengting ဝန်ခံပါတယ် ဒီဆုံးဖြတ်ချက်က
တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးသွားတယ်ဆိုတာ။
ဒီသတင်းကို NEXTကိုပြောပြလိုက်တဲ့အခါမှာ
ကလေးခြောက်ယောက်စလုံးက သူ့ကို
စိတ်ကောက်တော့ သူ့စိတ်ထဲမှာ
အပြစ်ရှိသလိုမျိုး ခံစားရတယ်။
ဒါပေမယ့် Zhengtingရဲ့ အပြစ်ရှိသလို
ခံစားချက်က ပထမတစ်ရက်ပဲ ခံပါတယ်။
သူ့နေရာမှာ အစားထိုးမယ့် NEXTရဲ့
မန်နေဂျာ အသစ်ကိုတွေ့တော့
အပြစ်ရှိသလို ခံစားချက်က ပျောက်သွားပါတယ်။

Zhu Xingjie ။
အရိုးသားဆုံးပြောရရင် သူ့ကို ပထမဦးဆုံး
တွေ့တုန်းက Zhengting ကြောက်တယ်။
အထူးသဖြင့် Xingjieက သူ့ကို
စိုက်ကြည့်လိုက်တဲ့ အချိန်မှာပေါ့။
ဒါပေမယ့် အဲ့အပုလေးက မျက်ရစ်လေးတွေ
တွန့်ပြီး နှုတ်ခမ်းထောင့်စွန်းလေးတွေ
ကွေးသွားတဲ့အထိ ပြုံးပြလာတဲ့အခါမှာတော့
ဘာမှကြောက်စရာမရှိဘူးလို့ Zhengting
နားလည်သွားတယ်။
Xingjieက တကယ်ကို Amazingပါပဲ။

ကလေးတွေလည်း Xingjieကို
အချိန်တိုတိုအတွင်းမှာ ရင်းနှီးသွားတယ်။
အရင်တစ်ပတ်က သူတို့ကြည့်ခဲ့တဲ့ ရုပ်ရှင်ထဲက
ဇာတ်ကောင်နာမည်ကို ခေါ်ပြီး Xingjieကို
စရတာ သူတို့သဘောကျကျတယ်။

Zhentingအတွက်ကတော့ ...
အင်း... သူ့ရဲ့ Artistအသစ်နဲ့
Xingjieလိုမျိုး မြန်မြန်အဆင်ပြေမယ်
မထင်ဘူး။

သူတို့ Companyမှာရှိတဲ့ အနုပညာရှင်တိုင်းနဲ့ Cai Xukunက တကယ်ကို ကွဲပြားတဲ့သူ။
Zhengting Xukunနဲ့ အရင်ကတွေ့ဖူးတယ်။
Companyက တစ်ခုထဲကိုး။Companyရဲ့
နှစ်ပတ်လည် ပါတီပွဲတွေမှာ အစည်းအဝေးပွဲတွေမှာ ။ တစ်ယောက်နဲ့
တစ်ယောက်သိဖို့ဆိုတာ လွယ်တဲ့ကိစ္စ။
အထူးသဖြင့် Companyမှာ အလုပ်လုပ်တာ
ကြာနေပြီဖြစ်တဲ့ Zhengtingလိုလူမျိုးဆို ပိုတောင်လွယ်သေး။ဒါပေမယ့် Cai Xukun
ကတော့ တမူထူးခြားစွာပဲ ။

ပထမဆုံးအကြိမ် သူ့ရဲ့ တရားဝင်မန်နေဂျာ
အဖြစ် Zhengting သူနဲ့တရားဝင်တွေ့တော့
အမူအရာကင်းမဲ့နေတဲ့ မျက်နှာသေနဲ့ပဲ
Xukunက Zhengtingကို ကြည့်တယ်။
ဒီတစ်ပတ်မှာ ကျန်နေတဲ့ သူ့ရဲ့ အချိန်ဇယား
တွေကို Zhengtingကိုပြောပြနေတဲ့ အချိန်မှာ
လည်း သူ့နှုတ်ခမ်းတွေက ခံစားမှုမဲ့နေတဲ့ပုံနဲ့။
သူက Zhengting သူပြောသမျှတွေကို noteပေါ်မှာချမှတ်ထားသင့်ကြောင်း ပြောတယ်။

ဟန်ဆောင်ချစ်သူWhere stories live. Discover now