12 - Unicode Ver

119 13 0
                                    


တကယ်တော့ Zhengtingပျော်နေသင့်တယ်။
သူ့ကလေးတွေရဲ့ Dormကို နောက်ဆုံးတော့ သူပြန်ရောက်လာခဲ့ပြီ။ ဒါ သူဖြစ်ချင်ခဲ့တာပဲ
မဟုတ်ဖူးလား။သူချစ်တဲ့ NEXTနဲ့ သူနေရပေမယ့် Zhengtingရဲ့ နှလုံးသားထဲမှာ တစ်ခုခုလိုအပ်နေတယ်။ အဲ့ဘာမှန်းမသိတဲ့ ခံစားချက်က Zhengtingအပေါ်မှာ လုံးဝကို
လွှမ်းမိုးထားပြီး သူဘယ်သွားသွား နောက်ကနေ တကောက်ကောက်လိုက်နေတယ် ။

Wenjunက သူ့ကို အားပေးတဲ့အနေနဲ့ ပို့လာတဲ့ စာတိုလေးတွေကိုတောင်မှ သူစာမပြန်ဖြစ်ဘူး။Xukunရဲ့မန်နေဂျာ ဖြစ်ခဲ့တုန်းကလို NEXTကို သူကအနှောင့်အယှက် ပေးနေသလိုခံစားလာရတယ်။
Xukunကို Zhengtingမတွေ့ဖြစ်တော့ဘူး။
Xukunမှာ သူ့လို ယာယီမန်နေဂျာတစ်ယောက်ထက် ပိုအရေးကြီးတဲ့ အလုပ်တွေရှိနေမှာ။

ဒါပေမယ့် Zhengting လုံးဝ လမ်းပျောက်နေသလို ဖြစ်နေတာလည်း မဟုတ်ပြန်ဖူး။NEXTနဲ့ အလုပ်တွေရှုပ်တယ်။
Scheduleတွေ ကောင်းကောင်းစီမံပေးတယ်။
အပြင်မှာ မုန့်လိုက်ကျွေးတယ်။ တစ်ခါတစ်လေ
ကိုယ်တိုင် ချက်ပြုတ်ပေးတယ်။ Stressတွေများပြီး ပင်ပန်းနေကြရင် ပျော်ရွှင်စရာ Gameတွေ အတူတူဆော့ပေးတယ်။

ဒါပေမယ့် ဒါပေမယ့် စိတ်ကျန်းမာရေးက
ရုပ်ကျန်းမာရေးထက် ပိုအရေးကြီးတယ်မလား။
ဒါကြောင့် ကလေးတွေအပေါ်မှာ Zhengting
အပြစ်ရှိသလို စိတ်မသက်မသာခံစားနေရတာပဲ
ဖြစ်သည်။ဘာလို့ဆို သူက ဒီကလေးတွေနားမှာ
နေရင်း တစ်စုံတစ်ယောက်ကို ရူးလောက်အောင်
လွမ်းနေသည် မဟုတ်ပါလား။

NEXTရဲ့ Scheduleတွေက Xukunလောက်
မများတော့ ကံကောင်းထောက်မစွာနဲ့ပဲ
Zhengtingအတွက် အချိန်လေးတွေပိုလာတယ်။Zhengting စိတ်တည်ငြိမ်အောင် ယောဂကျင့်ဖြစ်တယ်။
အနည်းဆုံးတော့ Zhengtingခေါင်းထဲက
အတွေးတွေကို ယောဂကျင့်နေစဉ်မှာ
ထုတ်ထားနိုင်တယ်။

ယောဂက Xukunအတွက် ကောင်းတယ် ။

Fuck!

Zhengtingရဲ့ ဟင်းချက်စွမ်းရည်လည်း
တိုးတက်လာတယ်။ ဟင်းချက်နည်းစာအုပ်
တစ်အုပ်ဝယ်လိုက်ပြီး အဲ့ထဲက ဟင်းတွေကို
တစ်ခုပြီး တစ်ခုစမ်းချက်ကြည့်တယ်။
လွယ်တာကနေ စမ်းချက်ကြည့်မယ်ဆိုပြီး
ခက်တာတွေပဲ ပြောင်းပြောင်းသွားတယ်။
နည်းနည်းအဆင်မပြေဖြစ်နေပေမယ့်လည်း
အကောင်းဆုံး သူကြိုးစားနေတယ်။

ဟန်ဆောင်ချစ်သူWhere stories live. Discover now