4

423 62 8
                                    


"Zhengting CEOက နေ့လည်ကျရင်
မင်းနဲ့တွေ့ချင်တယ်တဲ့ "

ဒုတိယအကြိမ်မြောက် CEOရဲ့ အတွင်းရေးမှုးဆီကစာ Zhengtingဆီ
ရောက်လာခြင်းပါ။စာကို ဖတ်ပြီးတော့
မကောင်းတဲ့ အငွေ့အသက်တွေရနေတယ်။
ခံစားချက်တွေ မကောင်းဘူး။
ဒါပေမယ့် သူလာခဲ့ပါမယ်ဆိုတဲ့ အကြောင်း
Zhengting ပြန်ပြောလိုက်တယ်။
အရင်တစ်ခါထက် ပိုပြီး သူစိတ်လှုပ်ရှားနေပေမယ်လို့။

Xukunက သူ့အကြောင်း Complain
တက်ခဲ့တာလား? ရေခဲမုန့်ဆိုင်ကနေ
ပြန်လာတုန်းကတော့ Xukunရဲ့ အခြေအနေက ကောင်းတဲ့ပုံပါပဲ။
ကျန်တဲ့ scheduleတွေအကုန်လုံးကို Zhengting အများကြီးပိုကောင်းအောင်
လုပ်ပေးခဲ့တာပဲ။NEXTရဲ့ မန်နေဂျာ
ပြန်လုပ်ရတော့မှာလား ?

အစည်းအဝေးခန်းမထဲမှာ Xukunကိုတွေ့လိုက် ရတာကို Zhengting သိပ်တော့ မအံ့သြောသွားခဲ့။သူ့ ဆောင်ပုဒ်အတိုင်းဆို
Zhengtingထက်တောင် သူက
15မိနစ်စောရောက်နေတဲ့ပုံပဲ။

"မင်းရောလား ?"

Xukunက Zhengtingကို မြင်တော့
မမျှော်လင့်ထားသလိုနဲ့ အံ့သြောတကြီး
မေးတယ်။

"မြင်တဲ့ အတိုင်းပဲ "

ပြန်ဖြေလိုက်ပေမယ့် Zhengtingလည်း
နည်းနည်းတော့ စိတ်ရှုပ်သွားတယ်။
Xukunက သူ့ကိုမြင်တော့ အံ့သြောသွားတဲ့ပုံ
ထောက်ရင် ဒါက သူတွေးနေသလို
Complainတက်တဲ့ပုံ မဟုတ်ဘူး။

"Zhu Zhengling !"

Yixingက ပုံမှန်အတိုင်းနှုတ်ဆက်ရင်း
ခန်းမထဲကို ဝင်လာတယ်။
သူနဲ့လိုက်ဖက်တဲ့ ဝတ်စုံကို ဝတ်ထားပြီး
CEO Xingက အတော်လေး ကြည့်ကောင်းနေတယ်။
ပြီးတော့ နေကာမျက်မှန်လည်းတပ်ထား
သေးတယ်။

"မင်း ငါ့ကို နည်းနည်းအလုပ်များအောင်
လုပ်မိလိုက်တယ် သိလား ? "

သူ့နာမည်က Zhengtingပါ။

"ကျွန်တော်ကလား ?"

Zhengtingရဲ့ လေသံက တည်တည်ငြိမ်ငြိမ်နဲ့။

"ဒါပေါ့ !"

Yixingက သူ့ရဲ့မျက်မှန်ကိုဆွဲချွတ်လိုက်တယ်။

"မင်း သတင်းတွေ မတွေ့သေးဘူးလား ။
Xukunနဲ့ အမည်မသိ ခပ်ချောချော ကောင်လေးတစ်ယောက် Ice-Creamဆိုင်မှာ
ဒိတ်လုပ်နေတယ်တဲ့ "

ဟန်ဆောင်ချစ်သူWhere stories live. Discover now