13(Final) - Unicode Ver

222 11 0
                                    


Warning : Making Loveအခန်းလေး
ပါတာမို့ ကြည့်သာဖတ်ကြပါနော် *-*

………………………………………………………

"Zhengting!!!"

"ငါရှင်းပြမယ်!!!"

Xukunက နာမည်ပဲအော်ရသေးသည်။
သူက သူ့ကိုယ်သူ ကာကွယ်ဖို့ အဆင်သင့်
ဖြစ်နေပြီးသား။

"အပြင်မှာ မိုးတွေသည်းနေတာ
အဲ့ဒါနဲ့ ငါလည်းသူ့ကို မထားရက်နိုင်ဘူး သိတယ်မလား ။ ကြည့်ပါလား သူ့မျက်နှာလေးကို"

Zhengtingက မီးခိုးရောင် ကြောင်လေးကိုကောက်ပွေ့လိုက်ပြီး
Xukunမျက်နှာနားကို ထိုးပြတယ်။
Xukunက အရမ်းကို ကြင်နာတတ်တဲ့သူမှန်း
သူသိတယ်။ စက္ကန့်အနည်းငယ်လောက်
Xukunတွေဝေသွားတယ်။

"ဟင်းးး ဟုတ်ပါ့ရော သနားစရာကလေးလေး
ဘယ်သူကများ မိုးရေထဲမှာ ပစ်သွားရတာလဲ"

ကြောင်လေးရဲ့ခေါင်းကို Xukun သာသာယာယာပွတ်သပ်ပေးလိုက်တယ်။
သူကတော့ လူနှစ်ယောက်စလုံးရဲ့
နူးညံ့တဲ့ အထိအတွေ့တွေကြားမှာ
သာယာနေကာ သူ့ရဲ့ခေါင်းနဲ့ ပိုပြီး
တိုးဝှေ့နေတယ်။

"အဲ့တော့ မင်း သူ့ကိုမွေးမှာမလား?"

မျှော်တလင့်လင့်ဖြစ်နေတဲ့ မျက်ဝန်းလေးတွေနဲ့
ပြုံးပြီးမေးတဲ့ Zhengtingကို Xukunကြည့်လိုက်ပြီး မျက်စိမှိတ် သက်ပြင်းချတယ်။

"ကိုယ်တို့ အတူတူမွေးမယ် "

Zhengtingရဲ့ အော်သံကစီကနဲပဲ။
ကြောင်လေးကို အောက်ပြန်ချရင်း
Xukunကို ထခုန်ဖက်တယ်။

"ငါ့ကောင်လေးက အကောင်းဆုံးပဲ !!!"

"ကိုယ်တို့ သူ့ကို ဘယ်လိုခေါ်ကြမလဲ?"

တခြားကြောင်နှစ်ကောင်နားကို ရောက်သွားတဲ့
ကြောင်လေးကိုကြည့်ပြီး Xukun
ထပ်မေးလိုက်တယ်။

"Kun~"

"ဟင်?"

Xukunက Zhengtingကို ငုံ့ကြည့်တယ်။
Zhengtingက ရှက်လို့ ပူရှိန်းနေတဲ့ သူ့မျက်နှာကို Xukunရဲ့ ရင်အုပ်ကြားတိုးဝင်ပြီး
ကွယ်တယ်။ပြီးတော့ ရင်ခွင်ထဲကနေ
မသီမသ စကားသံတိုးတိုးလေး
ထွက်လာတယ်။

"အွန်း မင်းနာမည်နဲ့ အတူတူလေ"

Xukunရယ်လိုက်တာကို တုန်သွားတဲ့
ရင်ဘတ်ကနေပြီး သိရတယ်။
Zhengtingရဲ့ ကျောပြင်ကို Xukunက
သူ့လက်တွေနဲ့ ဖွဖွလေးပွတ်တယ်။

ဟန်ဆောင်ချစ်သူWhere stories live. Discover now