8 - Unicode Ver

87 12 0
                                    


ဒီတစ်ခါတော့ ခပ်လန်းလန်းလေး တစ်ခါလောက် ဝတ်ဖို့ Zhengting
တွေးမိတယ်။ သူများတွေလောက် မချမ်းသာ
ပေမယ့် ဈေးကြီးတဲ့အဝတ်တွေကိုတော့
ဝယ်ဝတ်နိုင်ပါသေးတယ်။

မှန်ရှေ့မှာရပ်ပြီး သူ့ပုံကိုယ်သူ ပြန်ကြည့်လိုက်တယ်။အဖြူရောင် Long Sleeve
Shirtရဲ့ Vပုံစံလည်ပင်းပေါက်က
ပုံမှန်ထက်ပိုရှည်ပြီး သူ့ရဲ့ ဖြူ ဥဥရင်ဘတ်ကို
အတိုင်းသား မြင်နေရတယ်။
အနက်ရောင် ဂျင်းဘောင်းဘီကျပ်ကျပ်က
သူ့ရဲ့ ပေါင်တံသွယ်သွယ်ကို ပိုသေးသွား
သယောင်ထင်ရတယ် ။ တင်ပါးနေရာကလည်း
ထူးမခြားနား ကျပ်ကျပ်ထုတ်ထုတ်ပါပဲ။
ပြည့်စုံသွားပြီ ။

Zhengting သူ့ကလေးတွေနဲ့ တွေ့ရဖို့
အရမ်းကို စိတ်လှုပ်ရှားနေပြီ။
နှစ်ပေါင်းများစွာ အတူရှိလာကြတော့
အခု Zhengtingမှာ သူတို့ကို လွမ်းနေပြီ။
သူတို့ရဲ့ အရူးတွေလို ကလေးတွေလို အော်ဟစ် ဆူညံသံတွေကို လွမ်းတယ်။
သူတို့ရဲ့ မန်နေဂျာဖြစ်ခဲ့တုန်းကတော့
ဒါတွေက စိတ်ညစ်စရာတွေဖြစ်ခဲ့တာပေါ့။
ဒါပေမယ့် အခု သူ ဒါတွေကိုပဲ လွမ်းနေတယ်။

ကလေးတွေက ရောက်တောင်နေကြပြီ။
Zhengtingကို မြင်တော့ အော်ဟစ်ပြီး
ပြေးလာကြတာ ရာစုနှစ်ပေါင်းများစွာ
ကွဲကွာနေတဲ့သူတွေကြလို့ ။

"Zhengting Ge Ge !!!"

သူတို့အသံလေးတွေကို ဘယ်လောက်တောင်
လွမ်းနေခဲ့ရလဲ။

"Awwwn ငါ့ကလေးတွေ လွမ်းလိုက်တာ ~"

Justinနဲ့ Quanzheရဲ့ Zhengtingရဲ့
စကားကို ကြားတော့ နှာခေါင်းရံှု့တယ်။
Zhengting သူတို့ကို ကြည့်ပြီး သဘောကျလို့
ရယ်မိတယ်။

Justinက Zhengtingရဲ့ ပခုံးကို
လှမ်းဖက်လိုက်တယ်။

"တစ်ပတ်ပဲရှိသေးတာပါ အဘိုးကြီးရယ် "

နောက်မှာရပ်နေတဲ့ Xinchunရဲ့
ဆံပင်တွေကို လှမ်းဖွလိုက်တော့ Xinchunက
အော်တယ်။Zhengtingရယ်ပြီး Xinchunရဲ့
ဆံပင်တွေကို ပြန်ပြင်ပေးလိုက်တယ်။
ကဲ သူက ဒီကလေးတွေရဲ့ အမေနဲ့
တူမနေဖူးလား ။

"Xukunလည်း ရောက်နေတယ်"

နားနားလေးကနေ ကြားလိုက်ရတဲ့ အသံကြောင့် Zhengting ထခုန်မိမတတ် လန့်သွားရသည်။
လှည့်ကြည့်လိုက်တော့ Wenjun။

ဟန်ဆောင်ချစ်သူWhere stories live. Discover now