10 - Unicode Ver

92 12 0
                                    

Xukunက ဒီရက်ပိုင်းမှာ ထူးဆန်းလာတယ်။
အမြဲထူးဆန်းနေတဲ့ Xukunကို ဒီလိုပြောရတာ
နည်းနည်းတော့ ရယ်စရာဖြစ်နေပေမယ့်
တကယ်ပဲ Xukunကထူးဆန်းလာတာပင်။
သူတို့နှစ်ယောက် အဆင်ပြေလာပြီလို့
Zhengtingထင်နေခဲ့ပေမယ့် အဲ့ဒါက
ထူးဆန်းလွန်းစွာပဲ ဆန့်ကျင်ဘက်ဖြစ်သွားတယ်။
Zhengting တကယ်ပဲ နာကျင်ရပါတယ်။

Xukunက Zhengtingရဲ့ အကြည့်တွေကို
ရှောင်လွှဲတယ်။ ပိုပြီးအရေးကြီးတာတစ်ခုက
သူ Zhengtingကိုပါရှောင်လာတာပါပဲ။
ကားထဲကတိတ်ဆိတ်နေတဲ့ အခြေအနေကို
ပြောင်းဖို့ရာအတွက် ကြုံရာသီချင်းတစ်ပုဒ်ကို
သူ ကောက်ဖွင့်လိုက်တယ်။သီချင်းက လတ်တလော ရေပန်းစားနေတဲ့ Popသီချင်း
တစ်ပုဒ်ပင်။အလုပ်နေရာကို ရောက်တော့
Xukunက ကားထဲကထွက်ပြီး အဝတ်လဲခန်းထဲကို မြန်မြန်ဝင်သွားတယ်။
Zhengtingကို တစ်ယောက်ထဲထားခဲ့ပြီးတော့။
ပုံမှန်ဆိုရင် NEXTက ကလေးတစ်ယောက်ယောက် ဒီလိုမခြေအနေဖြစ်နေရင် Zhengting မရ ရအောင် ဖြေရှင်းတတ်သည်။ဒါပေမယ့်
အခုက Xukunနဲ့ သူ အေးအေးဆေးဆေး
စကားပြောဖို့ အချိန်ကိုမရသလိုပဲ။

နောက်တစ်ခုက Xukunရဲ့ အချိန်ဇယားတွေ
ပြောင်းသွားခြင်း။ဒါ အရင်ကစီမံထားသလို
မဟုတ်ဘူးဆိုတာ Zhengtingသေချာ သိတယ်။မနက်စောစောကနေ ညသန်းခေါင်ယံထိ Xukunရဲ့ အချိန်ဇယားတွေ
ပြည့်နေတယ်။ပြီးတော့ တစ်ခုနဲ့တစ်ခု ကြားထဲမှာလည်း နားချိန်သိပ်မရှိဘူး။
Zhengting Xukunရဲ့အချိန်ဇယားတွေကို
လျှော့ပေးဖို့ ပြောရန်လိုအပ်လာပြီဆိုတာ
သိတယ်။ဒါပေမယ့် နေ့စဉ်ရက်ဆက် ဒီအတိုင်းပဲဆက်သွားနေတယ်။

သူလုပ်လာပေးနေကြ နေ့လည်စာကို
ပေးဖို့လည်း Zhengtingအခွင့်မသာတော့ဘူး။
Xukunက တစ်လှေှျှာက်လုံး အလုပ်များနေတဲ့ပုံနဲ့ Zhengtingကို အမြဲတမ်းလှျှစ်လျှူရှုထားလေသည်။
sandwichတွေကို နေ့တိုင်း Zhengtingတစ်ယောက်ထဲပဲ စားခဲ့ရတယ်။

ဒီနေ့ Xukunကိုကြည့်ရတာ သိပ်မလန်းဘူး။
ဒါက စကားပြောဖို့ Zhengtingအတွက်
အခွင့်အရေးပဲ။

"Xukun မင်းနည်းနည်းလောက် အနားယူသင့်တယ်"

အိမ်အပေါက်ဝမှာ Xukunရှေ့ကနေ ပိတ်ရပ်ရင်း လေသံမာမာနဲ့ Zhengtingပြောလိုက်တယ်။

"Zhengting! ငါ့ရှေ့ကနေဖယ်!!"

Xukunက သူ့ကိုပြန်အော်တယ်။
Zhengtingနဲ့ သိပ်မစိမ်းတဲ့ ဒေါသအရိပ်အယောင်တွေ။
Zhengtingကတော့ မလျှော့ဘူး။
Xukunရှေ့ကနေ ဖယ်မပေးချေ။

"ဟင့်အင်း! ငါကတော့ မင်းကိုယ်မင်းသတ်နေတာကို မကြည့်နိုင်ဘူး!
မင်းကို အလုပ်သွားခွင့်မပေးနိုင်ဘူး !!
မင်း အနားယူဖို့လိုအပ်တယ်လို့!!!"

နောက် Zhengtingရဲ့ လေသံက
ပြန်ပြီး ပျော့ပျောင်းသွားတယ်။

"ဟင်? တစ်ရက်ထဲပဲလေနော် ?
ငါ ဒီနေ့အလုပ်တွေအကုန်လုံး ဖျက်လိုက်မယ်
မင်းပုံစံက အရမ်းပင်ပန်းနေပြီ "

Xukunရဲ့ စိတ်ပျက်လက်ပျက် ခေါင်းညိမ့်လိုက်တာကို မြင်ရတော့ Zhengting ပြုံးလိုက်သည်။နောက်ဆုံးတော့ Xukun
သူ့ကို ပြန်တုံ့ပြန်ပြီ။အရမ်းပင်ပန်းလွန်းနေတာမို့
Zhengtingကို ပြန်ခံမပြောတော့တာလည်း
ဖြစ်နိုင်သည်။ဘာပဲဖြစ်ဖြစ် အခု သူ့စကားကို
နားထောင်လိုက်တာကိုတော့ Zhengting
ဝမ်းသာတယ်။

အိပ်ယာထဲအထိ Xukunကို Zhengting
ပြန်တွဲပို့ကာ စောင်ထူထူခြုံပေးလိုက်တယ်။
အချိန်တိုတိုအတွင်းမှာ အလုပ်အလွန်အကျွံလုပ်တာက Xukunကို
ရုပ်ပိုင်းဆိုင်ရာအားနည်းသွားစေတယ်။
ပါးရိုးတွေပါ ကျသွားပြီး မျက်ကွင်းတွေကလည်း
ညိုနေသည်။အခန်းထဲ စူးစူးထိုးနေတဲ့ နေရောင်ကို လိုက်ကာပိတ်ပြီး Zhengting ကာပေးလိုက်တယ်။Zhengting ပြန်လှည့်လိုက်တော့ Xukunတစ်ယောက်
အိပ်မောကျသွားပြီ ဖြစ်သည်။ပါးစပ်တောင် ပွင့်လို့။

Xukunရဲ့ မီးဖိုထဲကို သွားပြီး ကြက်ပေါင်းစွပ်ပြုပ်လုပ်ဖို့ရန်အတွက် လိုအပ်တာတွေကို ထုတ်တယ်။
Zhengtingက ဟင်းချက်တာမှာ အရမ်းကြီးတော့ မတော်ပါဘူး။
ဒါပေမယ့် NEXTရဲ့ မန်နေဂျာအဖြစ် နှစ်အတန်ကြာလုပ်ခဲ့ရာကနေ ကောင်းကောင်း ချက်ပြုတ်တတ်လာတာဖြစ်သည်။

ပါဝင်ပစ္စည်းတွေကို သေချာချိန်ဆပြီး
စွပ်ပြုပ်ကို သေချာချက်ဖြစ်တယ်။
အစားဆို မည်မည်ရရ မစားဖြစ်တဲ့ Xukunအတွက် ဒါက သေချာပေါက်ကို အရသာကောင်းမွန်နေရမယ်။
ဒါက Xukunအတွက် အချိန်အကြာကြီးနေမှ စားရမယ့် အိမ်လက်ရာဖြစ်နိုင်တယ်။

ကံကောင်းစွာပဲ Xukunနိုးလာတော့ Zhengtingရဲ့ စွပ်ပြုပ်ကို တစ်ဇွန်းပြီးတစ်ဇွန်းသောက်တယ်။
သူ့မျက်ဝန်းတွေထဲမှာ ကျေနပ်ပျော်ရွှင်ခြင်းတွေ
Zhengtingမြင်နေရတယ်။
ခဏလေးနဲ့ စွပ်ပြုပ်နှစ်ပန်းကန်ကုန်အောင်
သူသောက်လိုက်တယ်။

သူက Zhengtingရဲ့ လက်ကိုလှမ်းဆုတ်ကိုင်
လိုက်ပြီး ပြောတယ်။

"ကျေးဇူးတင်ပါတယ် Ting ~ "

သူ့မျက်နှာပေါ်က အပြုံးကပျောက်မသွား
သေးဘူး။

ဟန်ဆောင်ချစ်သူWhere stories live. Discover now