3 - Unicode Ver

93 10 0
                                    


တကယ်တော့ Zhengting Wenjunရဲ့
အကြံကို တစ်ညလုံးနီးပါး စဉ်းစားနေမိခဲ့သည်။
ဖုန်းကို အားသွင်းဖို့မေ့သွားခဲ့ပြီး
အိပ်ယာထနောက်ကျနေပြီမှန်း သူသိတဲ့အခါမှာ
တိုက်ခန်းထဲကနေ တရှိန်ထိုး ပြေးရတော့တယ်။

ဒီနေ့အတွက် ပထမဆုံး Xukunတက်ရမယ့်
ပွဲကို Zhengting မောင်းနေတဲ့ ကားထဲမှာ
အနေရခက်စွာပဲ တိတ်ဆိတ်နေသည်။

အနေရခက်မှုကြီးကို ပြေပျောက်လိုပြေပျောက်ငြှား သီချင်းဖွင့်ဖို့
Zhengting ကြိုးစားလိုက်ပေမယ့်
Xukunက သီချင်းက သူ့ရဲ့စိတ်ကို
နှောင့်ယှက်သည်ဆိုပြီး ပြန်ပိတ်ခိုင်းတယ်။
သူတို့နှစ်ယောက်ထဲမှာ သီချင်းဆိုတဲ့ အနုပညာရှင်က Xukunပါ။ဒါကို သူက ဘာလို့
သီချင်းဖွင့်တာကို မကြိုက်ရတာလဲ Zhengting
နားမလည်။

ဗန်ကားထဲမှာ တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုး
သွားသည်။Zhengting သူ့ရဲ့ အတွေးတွေထဲကို လက်ပစ်ကူးမိပြန်သည်။
သူတွေးနေတာက သေချာပေါက်
မနေ့ညက Wenjunပြောခဲ့တဲ့ စကားပေါ့။

"သူက အမြဲတမ်းသတိကြီးနဲ့နေ နေရင်
မင်းက သူ့ကို ပြောင်းပေးပြီး ကူညီလိုက်ပေါ့ "

သေစမ်းကွာ !

Zhengtingက ဘယ်တော့မှ စိတ်လိုက်မာန်ပါ
လုပ်တတ်တဲ့လူမျိုး မဟုတ်ဘူး။ ဒါပေမယ့်
စတီယာရင်ကို ဆွဲကွေ့လိုက်တဲ့ အခါမှာ
စိတ်လှုပ်ရှားလွန်းလို့ သူ့သွေးကြောတွေ
တဒုတ်ဒုတ်ခုန်နေသလိုပဲ။အခုသွားသင့်တဲ့
လမ်းအမှန်ကို သူကောင်းကောင်းသိတယ်။

"Mr.Zhu လမ်းမှားနေပြီ "

XuKunက နောက်ကနေပြီး Zhengtingရဲ့
ပခုံးကိုကျော်ကာ လှမ်းသတိပေးတယ်။
Zhengting အသက်ပြင်းပြင်းရှုလိုက်တယ်။
ဒီ Idolဟာ သူ့ကိုယ်ပိုင်ဘဝ လိုအပ်တယ်။

"မမှားပါဘူး ဒါလမ်းအမှန်ပါ "

"Mr.Zhu ဒီလမ်းက ပိုရှည်မယ်ထင်တယ်
ကျွန်တော်တို့ ဒီလမ်းကသွားရင်- "

"ကျွန်တော့်ကို ယုံလိုက်ပါ !"

Zhengtingရဲ့ လေသံက Xukunကို
အမိန့်ပေးလိုက်သလိုမျိုးပဲ။
ရုတ်တရက်တော့ Xukun ပါးစပ်ပိတ်ပြီး ငြိမ်သွားသည်။

ဟန်ဆောင်ချစ်သူWhere stories live. Discover now