6

390 53 1
                                    


Xukun : // 8နာရီခွဲ ငါ့အိမ်ကိုလာခဲ့ပေး //

"အာာ !"

ဖုန်းကို ဆိုဖာပေါ်ပစ်တင်ကာ Zhengting
အော်လိုက်သည်။ဒီနေ့က သူ့ရဲ့အားလပ်ရက်လေ။ သူဒီနေ့ အိမ်မှာ Maskကပ်ပြီး မျက်နှာပေါင်းတင်မလို့ ဟာကို။
ဘာမှလုပ်စရာမရှိဘူးဆိုပြီး ပျော်နေတာကို -.-

ဒီတစ်ခါတော့ နည်းနည်းလေး ကြည့်ကောင်း
အောင် Zhengtingပြင်ရမယ်။မျက်နှာကို
ကြည့်ကောင်းအောင် နည်းနည်းပါးပါးပြင်တယ်။
ဆံပင်ကိုလည်း ပုံကျအောင်ပြင်ပြီး
အဝတ်အစားကိုလည်း သန့်ရှင်းသပ်ရပ်တာကို ရွေးပြီးဝတ်တယ်။

ဒီနေ့က အလုပ်ရှိမှန်း Zhengting မသိဘူး။
Xukunက Zhengting ဒီနေ့လာစရာမလိုဘူး
လို့ပြောထားပြီးမှ အခုဘာဖြစ်သွားလဲ မသိ။
နောက်ထပ် Dateလုပ်ဦးမှာလား ။
အရင် Dateလုပ်ထားတာတောင် မကြာသေးဘဲနဲ့။Xukunက စိတ်ပြောင်းသွားတာများလား ။

8နာရီမခွဲခင်မှာ Zhengting Xukunအိမ်ကို
ရောတယ်။စောစောရောက်လို့ သူ့ကိုယ်သူ ဂုဏ်ယူနေပေမယ့် Xukunက အဲ့ဒါကို သတိမထားမိဘူး။မကောင်းတဲ့လူက Zhengting နောက်ကျတဲ့အခါ အမှားလုပ်မိတဲ့အခါမျိုးတွေပဲ သိတယ် ဟွန်း။

"ကားမောင်းပေးရမှာလား ? "

အိမ်ထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ Xukunကို Zhengting
မေးလိုက်တယ်။

"မဟုတ်ဘူး ငါပြောပြီးသားလေ မင်းကို
ဒီနေ့မလိုဘူးဆိုပြီး"

ဟိုပစ္စည်းယူလိုက် ဒီပစ္စည်းချလိုက်နဲ့
အလုပ်များနေတဲ့ Xukunက Zhengtingကို
ပြန်အော်ပြောတယ်။

"ဒါဆို ငါ့ကိုဘာလို့ခေါ်...?"

နောက်ဆုံးတော့ Xukunကပြေးလွှားနေတာကို ရပ်လိုက်ပြီး အိမ်အပေါက်ဝမှာ ကြောင်တောင်တောင်နဲ့ရပ်နေတဲ့ Zhengting
ဆီလျှောက်လာတယ်။

"Lilyရဲ့အမွှေးတွေညှပ်ဖို့ မင်းကို အကူအညီတောင်းချင်လို့ သူ့အမွှေးတွေက
အရမ်းရှည်နေပြီ ငါက နေ့လည်စားစားပွဲတစ်ခု
တက်ဖို့ရှိတယ် အဲ့ဒါကြောင့် မင်းကိုခေါ်လိုက်တာ အသေးစိတ်ကို စာပို့လိုက်မယ် ရလား ?"

Xukunအသံက တုံ့ဆိုင်းဆိုင်းနဲ့ Zhengtingကို အားနာနေတဲ့ပုံပေါ်သည်။

ဟန်ဆောင်ချစ်သူWhere stories live. Discover now