1 - Unicode Ver

286 18 0
                                    


"Zhengting! CEOက နေ့လည်ရောက်ရင် သူနဲ့လာတွေ့ဦးတဲ့ "

ဒီလိုစကားမျိုးက Zhengtingပုံမှန်ကြားနေကြ စကားမဟုတ်။Bossရဲ့ အတွင်းရေးမှှုးက
သူ့ဆီ ဒီလို Mailပို့လာတဲ့အခါ Zhengting
အမှန်တကယ် လန့်သွားရသည်။Zhengting နည်းနည်းတော့ စိုးရိမ်နေသည်။Bossနဲ့
ထိပ်တိုက်တွေ့ရမယ် ဆိုတာက ငယ်ငယ်တုန်းက ကျောင်းအုပ်ကြီးရုံးခန်းကို
လာခဲ့ဦးလို့ အခေါ်ခံရတဲ့ ခံစားချက်မျိုးနဲ့
အတူတူပါပဲ။နည်းနည်းလေး ကွာခြားတာကတော့ အခု အလုပ်က ပိုဖက်တွယ်ထားရမယ့် အလုပ်ဖြစ်နေတာပဲ။

ဘာပဲဖြစ်ဖြစ် ရှိသမျှ သတိ္တကိုစုပြီး Zhengting Mailပြန်ပို့လိုက်သည်။Grammar အမှားဗရပွနဲ့အပြုံးမျက်နှာပေါင်း များစွာရယ်။ တမင်မှားတာတော့ မဟုတ်ပေမယ့်လည်း သူမတတ်နိုင်။သူက ကျောင်းပြီးအောင် မတက်ခဲ့ရဘူးလေ။ ရိုးရှင်းပါတယ် ဟုတ်?

Zhengtingကိုယ်တိုင်ကလည်း ကောလိပ်ကို
သဘောကျတာမျိုး မရှိခဲ့။တခြားလူတွေသာ
သဘောကျချင်ကျမယ်။ Zhengtingကတော့
အတန်းကိုနေ့တိုင်းသွားနေရတာမျိုးကို မနှစ်သက်ဘူး။ဒါကြောင့် စာသင်ရတာက
သူနဲ့မကိုက်ညီဘူး။

ကျောင်းကနေထွက်လိုက်ပြီးတဲ့နောက်
သင့်တော်တဲ့ အလုပ်ကိုရှာဖို့ဖြစ်လာတယ်။
သူ့လို ကျောင်းမပြီးတဲ့သူနဲ့
ကိုက်ညီတဲ့ အလုပ်တစ်ခုခုပေါ့။
ကံကောင်းထောက်မစွာနဲ့ပဲ သူ Entertainmentတစ်ခုနဲ့ စာချုပ်ချုပ်နိုင်ခဲ့တယ်။
Artistတစ်ယောက် အနေနဲ့တော့ မဟုတ်ဖူး။

မန်နေဂျာ တစ်ယောက် အနေနဲ့ပါ။

သူ့စိတ်ကူးနဲ့ဆန့်ကျင့်ဘက်ဖြစ်နေတဲ့ ဒီအလုပ်ကို Zhengtingသဘောကျပါတယ်။
ဒါက သူ့အိမ်မက်မဟုတ်ဖူး။တကယ်ကို မဟုတ်တာ။ဒါပေမယ့် သူဘာတတ်နိုင်မှာလဲ။
သေချာပေါက်ကို သူ့အတွက် ခက်ခဲတဲ့ အချိန်တွေရှိခဲ့တယ်။ဒါပေမယ့် အဆုံးမှာတော့
သူငယ်ချင်းခြောက်ယောက်ကို သူရခဲ့တယ်။
Zhengtingအလုပ်စဝင်ခဲ့တဲ့ နှစ်တွေကနေစပြီး
များပြားလှတဲ့ သင်တန်းသားတွေကြားထဲကနေ
နောက်ဆုံး ရွေးထုတ်နိုင်ခဲ့တဲ့ NEXTဆိုတဲ့
Boy Bandတစ်ခုက Zhengtingပထမဆုံး
မန်နေဂျာလုပ်ပေးရမယ့် အဖွဲ့တစ်ခု ဖြစ်လာခဲ့တယ်။

ဟန်ဆောင်ချစ်သူWhere stories live. Discover now