လက်ဆောင်၂

2.6K 318 17
                                    

စာရေးမယ်ဆိုရင် ...........

စာရေးဖို့ ဝါသနာ၊ ရေးချင်တဲ့စိတ်၊ ခံစားချက် ရှိကို ရှိရပါမယ်။ 

ဝါသနာရှိတယ်၊ အရမ်းလည်းရေးချင်တယ်။ ရေးလို့မရဘူး ရေးလို့မထွက်ဘူး .. အဲ့ဒီ့ပြဿနာကို ဒီအပိုင်းမှာ အကြံပေးချင်ပါတယ်။

ကိုယ်ရေးချင်စိတ်, စိတ်အားထက်သန်မှု့အပေါ် မူတည်ပါတယ်။ အရမ်းရေးချင်ရင် ရေးကိုရေးလိုက်ပါ။ ဘာစာလုံးဖြစ်ဖြစ် ရေးကိုရေးချလိုက်။ လူကြံရင် ဝါးပင်တောင် စာရွက်ဖြစ်ရသေးတာပဲ။ ရေးချင်တဲ့စိတ်ရှိရင် စာလုံးထွက်လာမှာပါ။ 

ရေးချင်တဲ့စိတ်က ရှိနေပြီ။ ရေးရမဲ့ အကြောင်းအရာက မရှိဘူး.... ဒါဆို အကြောင်းအရာကို ရှာကြတာပေါ့။

ရေးဖို့အကြောင်းအရာ ... ခံစားချက်ရှိရပါမယ်။ အဖြစ်အပျက်တစ်ခုကို ခံစားပြီး အကြောင်းအရာကို စာအဖြစ်ရေးရပါတယ်။ အဲ့ဒီ့အဖြစ်အပျက်က ကိုယ်တွေ့လည်းဖြစ်မယ်၊ စိတ်ကူးထဲကလည်းဖြစ်မယ်။ ရေးမယ်ဆိုရင် ရေးဖို့အကြောင်းအရာရှိရပါမယ်။

အဲ့ဒီ့အကြောင်းအရာက ခံစားချက်ကနေ လာပါတယ်။ ခံစားချက်ကနေ ... စိတ်အားထက်သန်မှု့ ရှိရင် သေချာပေါက် အနည်းဆုံး စာတစ်ကြောင်းတော့ ထွက်မှာပါ။

ဥပမာ ... ကျွန်တော်တို့ ရုံး/ကျောင်းကို လာတဲ့လမ်းတစ်လျှောက်က အဖြစ်အပျက်ကို စာရေးမယ်ဆိုပါစို့။

အိမ်ကနေ စထွက်တာကအစ.... လမ်းတလျှောက် လူတွေကိုတွေ့မယ်။ အဲ့ဒီ့လူတွေက ဘာလုပ်နေကြသလဲ??? ကားစောင့်တဲ့လူစောင့်တယ်။ မနက်စာအသုပ်ဝင်စားတဲ့လူက ဝင်စားမယ်၊ ဈေးရောင်းသူနဲ့ဈေးဝယ်သူတွေကိုတွေ့မယ်။ မြင်တွေ့သမျှ ပတ်ဝန်းကျင်ကနေ စာရေးမယ်ဆို ရေးချင်စရာတွေချည်းပါပဲ။

ဈေးသည်နဲ့ဈေးဝယ်သူကို မင်းတွေ့မယ်။ စုတ်ချာနေတဲ့ ခပ်နွမ်းနွမ်း ဈေးသည်ကောင်မလေးဆီကနေ လက်ကောက်ဝတ်မှလက်တံတောင်အထိ ရွှေလက်ကောက်တွေ ဝတ်ထားတဲ့ မိန်းမကြီးက ကန်စွန်းရွက်ဖိုး တစ်ရာငါးဆယ်ကို ဈေးကပ်ဆစ်နေတယ်။ အဲ့ဒီ့ဖြစ်ရပ်ကိုတွေ့ရင် မင်းဘယ်လို ခံစားရမလဲ??? အဲ့ဒီ့ဖြစ်ရပ်ကနေ မင်းအတွေးမင်းခံစားချက်ကို ဆင့်ပွား ရေးနိုင်ပါတယ်။

Writing Tips By Arr_ShengHikayelerin yaşadığı yer. Şimdi keşfedin