"အန်တီ အဲ့တာကလေ"
"ကိုဇေပြောပြတာမဟုတ်ပါဘူး ကိုသော်တာဆေးရုံတက်နေရတုန်းက အဲ့ကဆရာဝန်လေးတွေအချင်းချင်းပြောတာကိုကြားခဲ့ရတာပါ သားဖြစ်နေမယ်မှန်းမထင်ခဲ့ဘူး အန်တီမေးချင်တာက သားက တကယ်ပဲ ကိုဇေကိုချစ်တာလား"
တာရာ ဘေးကြပ်နံကြပ်အချိန်ကိုရောက်သွားတယ်
နှုတ်ဖြေစာမေးပွဲမှာ ကိုယ်တစ်ခါမှမကြားဖူးတဲ့ရောဂါအကြောင်းကို အမေးခံရတာထက်တောင် ဇောချွေးပြန်တယ်
မတော်ရသေးတဲ့ အဲလေ တော်ခွင့်ရမရတောင်မသေချာသေးတဲ့ ယောက္ခမလောင်းက သူ့သားကိုတကယ်ချစ်တာလားလို့မေးလာတာကို
ဘယ်မျက်နှာရှေ့ထားပြီးဖြေရမလဲ တာရာစဉ်းစားမရဘူး
ချစ်တယ်လို့ပြောလိုက်ရင်လည်း မျက်နှာပြောင်တိုက်ရာက ကျဦးမယ်
မချစ်ဘူးဆိုပြီးပြောရင်လည်း နဂိုထဲကမနီးစပ်နေတဲ့ အကိုနဲ့ပိုဝေးသွားဖို့ပဲရှိတော့တယ်
တကယ်ပါ တာရာထပြီးပဲ ပြေးထွက်သွားချင်တော့တယ်
"ဟဲ့ နင်ကလဲ ကလေးကိုဘေးကြပ်နံကြပ်အောင်မမေးနဲ့တော့"
ဦးဖြိုးဝင်ပြောမှ အသက်ရှုချောင်သွားတော့တယ်
"ကိုဖြိုးရယ် ငါက ဒီတိုင်းသိချင်လို့ပါအေ"
တာရာပြုံးရုံလေးပဲပြုံးထားနိုင်တယ်
စကားမပြောနိုင်..
"သားကို ဦးလေးတို့ကဒီနေ့လာခိုင်းတာအကြောင်းရှိတယ်
တစ်သက်လုံး ကိုဇေအထင်လွဲနေခဲ့တာကို သားကြားထဲကနေ ရှင်းပြပေးနိုင်မလားဆိုတဲ့အတွေးကြောင့်ပါ"
"ဗျာ ကျနော်.. ကျနော့ကို အကိုက စကားတောင်မပြောတာကြာပြီ"
"ဒါပေမယ့် သူက သားကိုဂရုစိုက်တယ် ကိုသော်တာဆေးရုံတက်နေတုန်းက သားကိုခဏ ခဏသွားမခေါ်ဖို့ သားပင်ပန်းမှာသူစိုးရိမ်တယ်တဲ့လေ CPRလုပ်ဖို့ငြင်းတာကလည်း အဲ့နေ့တာဝန်ကျတဲ့အလုပ်သင်က သားပဲရှိတယ်ဆိုတော့ လူနာကပြန်မကောင်းလာမှာသိသိချည်းနဲ့ သားကိုမပင်ပန်းစေချင်လို့ လက်မှတ်ထိုးပြီးငြင်းခိုင်းခဲ့တာပါ
သူအဲ့လိုတစ်ဖက်သားကိုတွေးပေးတာ ဦးလေးတို့ဘ၀မှာဒီတစ်ခါပဲတွေ့ဖူးသေးတယ်
သူ့အမေကလွဲရင် ကျန်တဲ့သူတွေအပေါ်မတွေးပေးတတ်တဲ့သူက သားနဲ့ကျမှပြောင်းလဲသွားတာ အဲ့တော့ သူ့အမေရှင်းပြလို့မရတဲ့ ကိစ္စတစ်ခုကို သားကကြားထဲကနေရှင်းပြပေးစေချင်တယ်"
ဦးလေးကြီးပြောသမျှ စကားတိုင်းကို တာရာလက်မခံနိုင်ဘူး
မယုံနိုင်ဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်
ကိုယ့်ကိုတွေ့တာနဲ့ မျက်နှာချင်းတောင်မဆိုင်တဲ့ အကိုက သူ့အတွက်အဲ့လောက်တွေးပေးတယ်ဆိုတာကြီးက
မဖြစ်နိုင်တာလို့ပဲတွေးနေမိတယ်
"အန်တီရှင်းပြလို့မရတဲ့ကိစ္စကို ကျနော်က....မဖြစ်နိုင်ဘူးထင်တယ်နော် ကျနော်နဲ့အကိုက ဦးလေးတို့ထင်သလောက် ဆက်ဆံရေးကအဆင်မပြေဘူး"
တာရာ မျက်နှာငယ်လေးနဲ့ပြောလိုက်သည်
"ဦးလေးတို့ပြောမယ့်ကိစ္စလေးကိုအရင်နားထောင်ကြည့်ပါ ပြီးမှသားကူညီမယ် မကူညီဘူး ပြန်ပြောပေါ့"
အကို့အမေတောင်ရှင်းပြလို့မရတဲ့ကိစ္စကို
အကိုအဖက်မလုပ်တဲ့ ငါက ဘယ်လိုရှင်းပြရမှာလဲ
တာရာစိတ်ထဲ စနိုးစနောင့်ဖြစ်နေပေမယ့်
ဘာကိစ္စလဲဆိုတာသိချင်တာနဲ့ ခေါင်းငြိမ့်လိုက်တယ်
BINABASA MO ANG
One Sided Love(Completed) (Zawgyi+Unicode)
Romanceတစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ ....... တစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ .......