Zawgyi
"ဟဲ့ နင်သိလား ဟိုအကိုဇေယျကလေ ငပွေဆိုတာကို"
ထမင်းစားနားတဲ့အချိန် မိန်းကလေးသူငယ်ချင်းတစ်ယောက်က အကို့အကြောင်းကိုထပြောတော့ ထမင်းဆက်မစားဘဲနားစွင့်လိုက်မိတယ်
အခြားတစ်ယောက်ကလည်း ဟုတ်တယ်တဲ့ သူ့အစ်မနဲ့တောင်တွဲဖူးတယ်တဲ့ အခုလည်း Roll callခေါ်တဲ့အစ်မနဲ့ဘာလိုလိုတဲ့ အကိုက တကယ်ငပွေများလား
သူက မိန်းကလေးတွေကိုပဲစိတ်ဝင်စားတဲ့သူလား
ငါ့အတွက် မျော်လင့်ချက်ကလေးတောင် နည်းနည်းလေးမှမရှိတော့ဘူးလား
တာရာ အတွေးတွေနဲ့ခေါင်းတွေပါရှုပ်လာတယ်
"ဟဲ့ တာရာ ထမင်းလည်းမစားဘူး wardထဲပြန်သွားရဦးမယ့်ဟာကို မြန်မြန်စား ငါတို့သွားနှင့်ပြီ"
သူတို့ထွက်သွားပြီးတဲ့အထိ တာရာစိတ်ကိုတည်ငြိမ်အောင်လုပ်လို့မရဘူး
အကိုက တကယ်ပဲလူရှုပ်လူပွေများလား
.......
'အာ'
တာရာလက်ကစူးခနဲုဖြစ်သွားတယ်
သွားပြီ လူနာကိုသွေးဖောက်ပြီးလို့ အပ်ကိုအဖုံးပြန်စွပ်တာ လက်ကိုချော်ထိုးမိတယ်
လူနာကလည်းHIV+လူနာ
လက်ကသွေးတွေကိုကြည့်ပြီး ကြောင်နေမိတယ်
အဲ့အချိန် လက်တစ်ဖက်က အပ်စူးသွားတဲ့လက်ကိုဂွမ်းနဲ့ဖိကိုင်ပြီး ဆွဲခေါ်တာကိုခံလိုက်ရတယ်
တာရာကြည့်လိုက်တော့ အကိုပဲ
အကို့မျက်ဝန်းတွေကစိုးရိမ်ပူပန်နေမှန်းပေါ်လွင်နေတယ်
တာရာ့လက်လေးကို ဘေစင်မှာသေချာပွတ်ဆေးပေးနေတဲ့အကို့ကိုကြည့်ပြီး
ငါအစောကြီးထဲက အပ်စူးမိရင်ကောင်းမှာပဲလို့တောင်တွေးမိသေး
"မင်းတော်တော်ပေါ့ဆတာပဲ ဂရုတစိုက်မလုပ်ဘူး အလုပ်ကို
မင်းဘ၀မှာတက်လမ်းတွေအများကြီးကျန်သေးတယ် ဘယ်တော့မှအလုပ်ကိုပေါ့တိပေါ့ပျက်မလုပ်နဲ့ Needleကို Recapမလုပ်ရဘူးဆိုတာ နားမလည်ဘူးလား"
အကို့ဆူသံတွေက နားထဲမှာကြားတစ်ချက် မကြားတစ်ချက်
အကို လက်ကိုဟန်ဆာပလပ်စ်ကပ်ပေးရင်း ဆူတာလေးကို ရပ်တန့်ထားချင်မိတယ်
အပ်စူးခံရတာကို ပျော်တယ်လို့ပြောရင် ရူးနေတယ်ထင်ကြမလားမသိ
အကို့ဆီက ဂရုစိုက်မှုရမယ်ဆို ကျနော်ကသေတာတောင်ပျော်နေမယ့်ကောင်ပါ
"တာရာ ညီ မင်းစိတ်ရောကောင်းသေးရဲ့လား ငါဒီလောက်ဆူနေတာတောင် ပြုံးနေသေးတယ်
အပ်စူးလို့ ဂေါက်သွားတာလား လာ မင်းPEPသောက်ဖို့ ဆရာ့ဆီ ငါလိုက်ပြောပေးမယ်"
(PEP-post exposure prophylaxis/ HIVရောဂါရှိသူရဲ့ သွေး တံထွေးစသည်တို့နဲ့ထိတွေ့ပြီးပါက ရောဂါမကူးစက်အောင်သောက်ရသည့်ဆေးပါ အသေးစိတ်ကိုတော့ googleမှာရှာဖတ်နိုင်ပါတယ်)
အကိုက လက်ဆွဲပြီး ဆရာ့အခန်းကိုသွားတဲ့လမ်းတစ်လျှောက်
အခြားလူတွေကိုလည်းမမြင်မိ ..
အကို့လက်တွေကို ကလေးတစ်ယောက်ကသူ့အမေကိုပျောက်သွားမှာစိုးလို့ တင်းတင်းဆုပ်ကိုင်ထားသလို
အကို့လက်တွေကိုခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်
.....
"ဆရာရယ် သူပေါ့ PatientကိုထိုးပြီးသားNeedleကို recapလုပ်ရင်း စူးမိလို့လေ သူတော်တော်ကြောက်နေတာ ကျနော့လက်ဆိုပြုတ်ထွက်မတက်ဘဲ အခုလာတဲ့လမ်းကို ကိုင်ထားတာ တင်းနေတာပဲ အဲ့တာဆရာသူ့ကိုညွှန်ကြားစရာရှိတာ ညွှန်ကြားပေးပါဦး"
"အေး အေး မင်းလည်းအငယ်တွေကိုစိတ်ပူတတ်နေပြီပဲ ကဲ ကဲ Counsellingအရင်လုပ်လိုက်ဦးမယ် သူ့ကို
မင်းအပြင်မှာခဏစောင့်"
တာရာ့စိတ်ထဲ အကိုရယ် အကို့လက်ကိုကိုင်ခွင့်ရတုန်း ခပ်တင်းတင်းလေးကိုင်မိတာကို ဘာတဲ့ သူတော်တော်ကြောက်နေတာတဲ့ ကျနော်ရီချင်လိုက်တာ အကိုသာဒီလိုတစ်သက်လုံးစိတ်ပူပေးမယ်ဆို ကျနော်ရောဂါအကူးခံနိုင်တယ်ဆိုတာ အကိုသိလား
ESTÁS LEYENDO
One Sided Love(Completed) (Zawgyi+Unicode)
Romanceတစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ ....... တစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ .......