episode-17

404 21 0
                                    

အ​ရေး​ပေါ်ခန်းမှာ ခဏ​နေပြီး​တော့ တာရာအိမ်​ကိုပြန်​လာခဲ့သည်
အ​မေက​တော့​ဆေးရုံတက်​​စေချင်​​ပေမယ့်​ ဘာမှမဖြစ်​ဘဲ​ဆေးရုံတက်​ရင်​ ​ဆေးရုံတက်​ဖို့တကယ်​လိုအပ်​တဲ့လူနာ​တွေအတွက်​ ကုတင်​တစ်​လုံးက အလကားဖြစ်​သွားမှာ​လေ
အိမ်​မှာ​ဆေး​သောက်​အနားယူလိုက်​ရင်​ သက်​သာမှာပဲဆိုတာကိုသိ​နေတဲ့ ကိုယ့်​အတွက်​သက်​​တောင့်​သက်​သာဖြစ်​တဲ့ အိမ်​ကိုပဲပြန်​ချင်​မိတယ်
ဆေးရုံမှာ​နေ​နေရရင်​ အကိုများသတင်းလာ​မေးဦးမလားလို့​မျှော်​​နေမိဦးမှာ
ဟူး .....တာရာ အိပ်​ယာ​ပေါ်မှာလှဲ​နေရင်း တဆစ်​ဆစ်​နာ​နေတယ်
ခေါင်းကဒါဏ်​ရာထက်​ ရင်​ထဲကဒါဏ်​ရာကပိုဆိုးတယ်
အကို့မျက်​၀န်း​တွေက ချစ်​ပါတယ်​ စိုးရိမ်​ပါတယ်​လို့အကြိမ်​ကြိမ်​​ပြော​နေသ​လောက်​ နှုတ်​ဖျားက​အေးစက်​စက်​စကား​တွေပဲထွက်​​နေတာကို အံ့သြတယ်
အကို့နှလုံးသားကိုဘယ်​​တော့မှထုတ်​ပြမှာလဲ
နှုတ်​ဖျားက ၀န်​ခံမှ အကို့အချစ်​​တွေကိုသိခွင့်​ရမယ့်​ဘ၀မို့ အကိုအမြန်​ဆုံးဝန်​ခံလာပါ​စေပဲဆု​တောင်းရ​တော့မှာ​ပေါ့
..........
"ဟဲ့ တာရာ သက်​သာပြီ​ပေါ့​လေ"
Wardထဲ​ရောက်​​ရောက်​ချင်း အသံပြဲနဲ့လှမ်း​အော်​တဲ့ သီရိမ​ကြောင့်​ လူတချို့က လှည့်ကြည့်​ကြတယ်
တာရာ​ခေါင်းငြိမ့်​ပြလိုက်​တယ်
အကို​ရောလို့​မေးချင်​​ပေမယ့်
စော​စောစီးစီး သီရိမဆီကဆဲသံ​တွေမကြားချင်​တာနဲ့ မ​မေးဘဲ
Stationဘက်​ထွက်​လာခဲ့သည်
"တာရာ ​နေ​ကောင်းသွားပြီ​ပေါ့"
အသံလာရာလှည့်​ကြည့်​​တော့ အကိုနဲ့တွဲ​နေတဲ့ဆို​တဲ့ အစ်​မဖြစ်​​​နေတယ်
တာရာအတတ်​နိုင်​ဆုံးပြုံးပြီး
"ဟုတ်​ကဲ့"လို့​ဖြေလိုက်​တယ်
"မင်းလည်း တို့ward​ထဲမှာအလုပ်​​တောင်​​ကောင်း​ကောင်းမလုပ်​ရဘဲနဲ့ ​နောက်​တစ်​ward​ပြောင်းရ​တော့မယ်​​နော်​ ဟင်း ဟင်း"
အစ်​မရဲ့စကား​ပြောသံနဲ့ရယ်​သံက ခနဲ့သလိုပဲ
တာရာနားမလည်​သလိုပုံစံနဲ့ပြန်​ကြည့်​လိုက်​တယ်
"မင်းတို့၃လပြည့်​လို့wardချိန်းရ​တော့မှာ​လေ ဘာလဲ ဒီမှာပဲတစ်​သက်​လုံး​နေရမယ်​ထင်​​နေတာ​တော့မဟုတ်​ပါဘူစ​နော်​"
"၃လကပြည့်​ပြီလား မြန်​လိုက်​တာ ကျ​နော်​ကအဲ့​လောက်​​တောင်​ကြာမယ်​မထင်​ခဲ့တာ"
"ဒီည​နေFarewellရှိလို့ မင်းလာတာမဟုတ်​ဘူးလား"
"ဗျာ "
"​အေး​လေ အလုပ်​မှာထက်​ ခွင့်​ယူတာကများ​နေ​တော့ ဘယ်​သိမလဲ သွား​တော့မယ်​​နော်​ ​​မောင်​နဲ့Breakfastတူတူစားမယ်​​ပြောထားလို့ "
ကြော့​ကြော့​မော့​မော့​လေး ပဲအပြည့်​နဲ့ထွက်​သွားတဲ့ ​ဒေါက်​တာမမသက်​ကို ကြည့်​ပြီးတကယ်​မနာလိုဘူး
သူ​ပြောတဲ့​မောင်​ဆိုတာက အကို့ကို​ခေါ်တဲ့နာမ်​စားများလား
ဟင့်​အင်း မဟုတ်​ပါ​စေနဲ့
အကိုက ငါ့အတွက်​ပဲ သူနဲ့ဘယ်​လိုမှပတ်​သက်​စရာမရှိပါဘူးလို့
သက်​ပြင်းချရင်း ​တွေးလိုက်​မိသည်

One Sided Love(Completed) (Zawgyi+Unicode)Where stories live. Discover now