Wardထဲစ၀င်လာတဲ့အချိန်ကစပြီး
အခုနေ့လည်စာစားချိန်ထိ အကို့ကိုလိုက်ရှာနေတာ မတွေ့ဘူး
အန်တီတို့ကို ကူညီမယ်ပြောထားတဲ့နေ့ထဲက အကို့ကိုမတွေ့ရသေးတာ
အကိုwardများပြောင်းသွားတာလားမသိ
တာရာ အတွေးတွေထဲ နစ်မြောနေတုန်း
"တာရာ မင်း ငါ့ကိုလိုက်ရှာနေတယ်ဆို"
ဘုရားရေ ဒါအကို့အသံပဲ
အကိုက ရှပ်အင်္ကျီနက်ပြာလက်ရှည်လေးကို ပုဆိုးနီညိုအကွက်စိပ်လေးနဲ့တွဲဝတ်ထားတယ်
မျက်နှာကပြုံးမနေပေမယ့် အရင်ကလို ရုပ်တည်ကြီးလည်းမဟုတ်ပြန်ဘူး
မျက်နှာကရှင်းသန့်နေပြီး အပူအပင်မရှိသလိုပဲ
တကယ်ပဲအပူအပင်မရှိတာလား ဟန်ဆောင်နေတာလားတော့ တာရာမခွဲတတ်
မမြင်တာကြာပြီဆိုတော့ တာရာစိုက်ကြည့်နေမိတယ်
"ဘာမှပြောစရာမရှိဘူးဆိုလည်း ထားလိုက်တော့ အဲ့လိုစိုက်ကြည့်ဖို့အတွက်ပဲရှာတာဆို မရှာနဲ့ သွားပြီ"
"အာ အကို ခဏ ခဏ ပြောစရာရှိလို့ ရှာတာ"
တာရာအကို့လက်ကို လှမ်းဆွဲလိုက်ပြီး အသဲအသန်တားလိုက်ရသည်
"ပြောစရာရှိရင်ပြော လက်လာမဆွဲနဲ့"
အကိုကမျက်စောင်းတစ်ချက်ထိုးပြီးအဲ့လိုပြောတော့
တာရာပြုံးလိုက်မိတယ် ဒါလေးတောင်တွန့်တိုနေတယ်
ဖက်နမ်းပစ်ချင်စရာလေး အသည်းယားလာပြီ
"ဘာကိုပြုံးစိစိလုပ်နေတာလဲ မြန်မြန်ပြော အလုပ်ကရှိသေးတယ်ဟ"
"ဟုတ်ကဲ့ ပြောရမယ်ဆိုရင်တော့
............
.......
......
....."(TNဇေယျအမေပြောပြသည့်အကြောင်းအရာများသာဖြစ်၍ ထပ်မံမရေးသားတော့ပါ)
တာရာကဖြစ်ကြောင်းကုန်စင်တွေ မနားတမ်းပြောနေပေမယ့်
အကိုက အင်း အဲတောင်ဝင်မပြောဘူး
အဝေးတနေရာကိုပဲငေးနေတယ်
ပြီးတော့မျက်ရည်တွေဝိုင်းနေတာကိုတော့ တာရာတွေ့လိုက်သည်
တာရာစကားပြောတာပြီးသွားတော့ အကိုကဘာစကားမှမပြောဘဲ ထွက်သွားသည်
ဘာမေးခွန်းမှလည်းထပ်မမေးသလို နှုတ်တောင်မဆက်ဘဲထွက်သွားသည်
အကို့စိတ်ထဲဘာတွေခံစားရလဲဆိုတာကို သိချင်တယ်
ဒီအကြောင်းအရာတွေကိုပြောပြတာ အကိုနာကျင်တာတွေလျော့ကျမလားဆိုတဲ့စိတ်နဲ့ပြောပြပေမယ့် အကို့မျက်ဝန်းထဲက မျက်ရည်စလေးတွေကိုမြင်လိုက်ရတော့ ငါမှားသွားတာလားလို့ တာရာတွေးလိုက်မိသည်
ဟုတ်တယ် အကိုခံစားရပြီး သူ့ကိုယ်သူအပြစ်တွေတင်ပြီး တစ်ခုခုလုပ်နေရင် ဒုက္ခ
သူထွက်သွားထဲက ငါချက်ချင်းလိုက်သွားသင့်တဲ့ဟာကိုကွာ
တာရာ ချက်ချင်းပြေးလိုက်သွားပေမယ့်
အကိုက ASအခန်းထဲမှာလည်းမရှိ
တွေ့မိတဲ့သူရှိလားမေးကြည့်ပေမယ့် ဘယ်သူမှသတိထားမိတာမရှိကြဘူး
အကိုဘယ်ရောက်နေတာလဲ အိမ်များပြန်သွားတာလားမသိ
တာရာ Phထုတ်ပြီး အန်တီဆီလှမ်းဆက်လိုက်သည်
"အန်တီ အကိုအိမ်ပြန်ရောက်လာပြီလား"
"ကိုဇေလား မရှိဘူးလေ အလုပ်သွားတယ်လေ"
"ဟုတ် သား သူ့ကိုအကုန်ပြောပြလိုက်ပြီ သူအခုwardထဲမှာလည်းမရှိတော့လို့ သားwardထဲမှာအနှံ့ရှာပြီးပြီဗျ"
"သား သိပ်စိတ်မပူပါနဲ့ သူတနေရာရာကိုသွားတာဖြစ်မယ်
အန်တီအထင်တော့ သူ့အဖေအုတ်ဂူကိုများသွားသလားမသိ"
တာရာအဲ့စကားကိုကြားတာနဲ့ အန်တီကိုနှုတ်တောင်မဆက်ဘဲ ချက်ချင်းဖုန်းချကာ wardထဲကပြေးထွက်ခဲ့သည်
"ဟိတ်ကောင် တာရာ ဘယ်သွားမလို့လဲ ဒီမှာအရေးကြီး.."
တာရာ့သူငယ်ချင်းတစ်ယောက်က လှမ်းခေါ်ပေမယ့် တာရာမကြားနိုင်
ကားပါကင်ကနေ ကားကိုသွားယူပြီး အကို့အဖေအုတ်ဂူရှိရာကို ဦးတည်မောင်းလိုက်သည်
အကိုအဲ့မှာရှိနေပါစေလို့လည်းဆုတောင်းမိတယ် သူ့အဖေအပေါ်သူလျစ်လျူရှုခဲ့မိတာတွေကို ယူကြုံးမရဖြစ်ပြီး တစ်ခုခုလုပ်လိုက်မှာကို တာရာတွေးပူနေမိတယ်
အကိုတစ်ခုခုဖြစ်ခဲ့ရင် ငါပြောလိုက်လို့ဖြစ်မှာ
ငါ့ကြောင့် ငါ့ကြောင့်ဖြစ်မှာလို့ ထပ်တလဲလဲတွေးနေမိတယ်
နေ့ခင်းဘက်ဆိုတော့ ကားနည်းနည်းရှင်းနေသည်မို့
တာရာကားကိုအရှိန်တင်ပြီးမောင်းနေမိသည်
စိတ်ကအမြန်ရောက်ချင်လို့ ကားကနှေးနေသလိုခံစားနေရသည်
တာရာအရှိန်ထက်တင်ပြီးမောင်းလိုက်သည်
"တနေ့ ပင်လယ်ရေတွေခမ်းတဲ့တနေ့ 🎶🎶🎶"
ဖုန်းRingtoneသံထမြည်တော့ ဖုန်းကိုလှမ်းယူလိုက်သည်
အန်တီဆီကphပဲ
အကိုဘာများဖြစ်လို့ပါလိမ့်
"Hello အန်တီ"
"သား အခုဘယ်ရောက်နေလဲ ကိုဇေကWardထဲမှာပဲတဲ့
သားအလောတကြီးပြေးထွက်သွားတယ်လို့ သားသူငယ်ချင်းတွေကပြောလို့တဲ့ သူလည်းစိတ်ပူနေတယ်"
"သားက ဦးလေးအုတ်ဂူဆီ သွား....အား....."
'၀ုန်း.......ဒုန်း'
ကားကအရှိန်ပြင်းပြင်းနဲ့ လမ်းဘေးကဓာတ်တိုင်ကိုဝင်ကြုံးမိပြီး ဓာတ်တိုင်က ကားပေါ်ထပ်ပိသွားသည်
တာရာ မျက်လုံးကိုအားယူပြီးဖွင့်ကြည့်ပေမယ့် မရဘူး
ခေါင်းတစ်ခုလုံးလည်းနာကျင်နေတယ်
ကူညီပါလို့အော်ပြောချင်ပေမယ့် ပါးစပ်ကလှုပ်မရ
လူတစ်ကိုယ်လုံးလှုပ်လို့မရအောင်ညှပ်နေသလိုခံစားရသည်
ဖုန်းထဲကအန်တီအသံကို ကြားတစ်ချက် မကြားတစ်ချက်နဲ့
တစ်မိနစ်လောက်နာကျင်မှုတွေခံစားရပြီးနောက်
တာရာရဲ့ကမ္ဘာလောကကြီးတစ်ခုလုံးအမှောင်ကျသွားသည်.....
ESTÁS LEYENDO
One Sided Love(Completed) (Zawgyi+Unicode)
Romanceတစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ ....... တစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ .......