Zawgyi
"ဆရာလေး ရက်လည်ကျရင်လာခဲ့ပါနော် ဒါကျနော်တို့အိမ်လိပ်စာ"
တာရာ လိပ်စာကဒ်လေးယူလိုက်တယ်
Designer Ko Phyoတဲ့
"ဒါဦးလေးလိပ်စာကဒ်လား"
ဦးလေးကခေါင်းငြိမ့်ပြတယ်
"ဦးက ဒီဇိုင်းနာလား"
"ဟုတ်တယ် ဆရာလေး"
"ကျနော်လာခဲ့ပါမယ် ပြီးတော့ ကျနော်သိချင်တာလေးတွေလည်းမေးခွင့်ပေးပါနော်"
"ဦးလည်းပြောပြချင်နေတာပါ အခုတော့သွားခွင့်ပြုပါဦးနော် အသုဘဖိတ်စာရရင်ထပ်လာပို့ပါမယ်"
အလောင်းသယ်တဲ့ကိစ္စလုပ်ရင်း ဦးလေးကလိပ်စာကဒ်လာပေးတယ်
အကိုသူ့အဖေကိုဘာလို့မုန်းနေတာလဲဆိုတဲ့အကြောင်းပြချက်ကို ဦးလေးကိုမေးရမယ်
...
"ဟဲ့ အဆန်းကြီးတော့ ခုဏက သေကြောင်းကြားစာပေးတော့လက်မှတ်ထိုးတဲ့ဦးလေးကြီးက တော်စပ်ပုံမှာ ခင်ပွန်းတဲ့ ဒီမှာကြည့်ဦး"
"အေးဟဲ့ အမလေး မထင်ခဲ့ဘူး ညီအကိုထင်နေတာ အဲ့ဦးလေးကြီးက သူ့အကိုကိုတော်တော်ချစ်တယ် ထင်နေတာ ငါတို့တော့ယောက်ျားတောင်ရပါ့တော့မလား အဲ့လိုယောက်ျားချင်းယူတဲ့သူတွေများလာပြီ"
ဆရာမနှစ်ယောက်ပြောနေတဲ့စကားတွေကြားတော့
တာရာမျက်လုံးပြူးသွားတယ်
ဟင် အကို့အဖေနဲ့ဟိုဦးလေးနဲ့က
ငါနားကြားများမှားသလား
"ဆရာမ ခုဏကဆုံးတဲ့ဦးသော်တာအကြောင်းကိုပြောနေကြတာလား"
"ဟုတ်တယ်လေ ဆရာရဲ့"
"ကျနော် တစ်ချက်လောက်ကြည့်လို့ရမလားဗျ"
Chartကိုလှမ်းယူကြည့်လိုက်တော့
တော်စပ်ပုံမှာ တကယ်ကြီးခင်ပွန်းလို့ရေးသွားတာပဲ
တာရာShockရသွားတယ်
အကိုတို့သားအမိကိုပစ်သွားပြီး ယောက်ျားယူသွားလို့ အကိုက အဖေ့ကိုမုန်းနေတာပေါ့
အကိုGayတွေကိုမုန်းတယ်ဆိုတာ ဒါကြောင့်ပေါ့
အကို့ဆီကအချစ်ကိုရဖို့က ထင်ထားတာထက်မလွယ်ကူတော့ဘူးပဲ
Gayတွေကို သူကအကြောင်းမဲ့သက်သက်မုန်းတာမှမဟုတ်တာ
ငါ့အတွက်မျှော်လင့်ချက်သေးသေးလေးတောင်မရှိနိုင်တော့ဘူးပဲ
"ဆရာ Chartပြန်ပေးဦးလေ"
ဆရာမအသံကြားမှ တာရာသတိပြန်ဝင်သွားတယ်
Chartပြန်ပေးပြီး ကိုယ့်နေရာမှာကိုယ်ပြန်ထိုင်နေလိုက်တယ်
......
"ဆရာလေး လာ လာ အိမ်ထဲဝင်ပါ ဆရာလေး"
ဦးလေးက ဖက်လှဲတကင်းကြိုတယ်
တာရာအိမ်ထဲကိုရောက်တာနဲ့ အကို့ကိုလိုက်ရှာမိသေး
မလာမှန်းကြိုသိပေမယ့် လာပါစေလို့ဆုတောင်းနေမိတယ်
အကို့အမေတော့ စားပွဲဝိုင်းတစ်ခုမှာ ထိုင်နေတာကိုတွေ့ခဲ့တယ်
အန်တီကသဘောထားကြီးလိုက်တာလို့လည်းတွေးမိလိုက်တယ်
"ဆရာလေး မုန့်ဟင်းခါးအရင်စားနော် ကျနော်တို့နောက်မှ စကားပြောကြတာပေါ့"
တာရာ ခေါင်းလေးငြိမ့်ပြလိုက်တယ်
....
"သားက ဇေယျတို့ဆေးရုံကပဲလား သားကိုမြင်ဖူးနေလို့"
အကို့အမေက တာရာထိုင်နေတဲ့ဝိုင်းဘက်လာပြီး နှုတ်ဆက်တယ်
"ဟုတ် အန်တီ ကျနော်က အလုပ်သင်ဆရာဝန်ပါ အကို အဲ ဆရာဇေယျတို့အဆောင်မှာပဲ"
"အင်း သားလေးကလူချောလေးဆိုတော့ အန်တီလည်းတစ်ခါမြင်ဖူးရုံနဲ့မှတ်မိနေတာ"
တာရာပြုံးလိုက်တယ်
"ဒါနဲ့ သားနာမည်က"
"တာရာကျော်ဝင်းပါ"
"တာရာ ဆိုတဲ့တစ်ယောက်များလား သားဇေယျပြောဖူးတယ်
ဟိုလေ ဟို သားကိုသဘောကျတယ်လို့ပြောခဲ့တဲ့တစ်ယောက်လား"
"ဗျာ"
တာရာမျက်လုံးအ၀ိုင်းသားဖြစ်သွားသည်
ဒီကိစ္စကို အိမ်ကအမေထိပြန်ပြောရအောင် အကိုက ကလေးလည်းမဟုတ်ဘဲနဲ့
အကိုက ဘာလို့ပြောတာပါလိမ့်......
STAI LEGGENDO
One Sided Love(Completed) (Zawgyi+Unicode)
Storie d'amoreတစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ ....... တစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ .......