ဇေယျ အရေးပေါ်လူနာခန်းထဲအပြေးလေးဝင်သွားမိသည်
လိုက်ကာအပြာလေးကိုဆွဲလှပ်ပြီးကြည့်လိုက်တော့
ကုတင်ပေါ်မှာ ပတ်တီးအဖွေးသားနဲ့တာရာ့ကိုတွေ့သည်
တာရာမသေဘူးဆိုတဲ့အသိက
တကယ်ပျော်သွားတယ်
တာရာ့လက်လေးကို ကိုင်တော့ နွေးထွေးတဲ့ခံစားချက်လေးကိုခံစားမိတယ်
အကိုမှားတာပါ အကိုအရာရာကိုလျစ်လျူရှုပြီး ဂရုမစိုက်သလိုလုပ်ခဲ့မိတာတွေကိုတောင်းပန်ချင်လို့ အမြန်ဆုံးသတိပြန်ရလာပါ တာရာရယ်
ဇေယျစိတ်ထဲကနေ အကြိမ်ကြိမ်ဆုတောင်းနေမိတယ်
မျက်ရည်မကျအောင်ထိန်းထားတဲ့ကြားကနေ မျက်ရည်တစ်စက် တာရာ့လက်ပေါ်ကျသွားသည်တာရာမျက်လုံးဖွင့်ကြည့်လိုက်တော့
အကိုကသူ့လက်လေးကိုကိုင်ပြီး တရှုံ့ရှုံ့နဲ့ငိုနေတာကိုတွေ့လိုက်ရတယ်အကိုက ငါ့ကိုစိုးရိမ်လို့ငိုနေတာပေါ့
အဲ့လိုမှန်းသိ ခေါင်းကိုတိုင်နဲ့စောင့်ပြီးတော့ဖြစ်ဖြစ် ပေါက်အောင်လုပ်ပါတယ်
ခေါင်းကဒါဏ်ရာက တကယ်တော့ပေါက်တယ်ဆိုရုံလေး သေးသေးလေးရယ်
သီရိမတို့က နင့်ကိုကိုကြီးကိုဆေးထိုးချင်လို့ဆိုပြီး wardထဲကပတ်တီးတွေနဲ့ မျက်နှာပေါ်ရုံလေးပဲချန်ပြီး ပတ်စီးသွားတာ
ဒီကြားထဲအပြေးအလွှားလာတဲ့ အကို့ကိုစချင်လို့ဆိုပြီး
ဆရာမကိုအကူအညီတောင်းတယ်
လူသေအလောင်းကို လက်ညှိုးထိုးပြခိုင်းတယ်
အကို့အမေကအစ သားသူ့စိတ်ကိုသူသိလာအောင် အဲ့လိုလုပ်ကြမယ်ဆိုတော့ တာရာတားလို့မရခဲ့ဘူး
အခု အကိုမျက်ရည်ကျနေတာကိုတွေ့တော့ ရင်ထဲပျော်မိသလိုဖြစ်လာပေမယ့် အကို့မျက်ရည်တွေကြောင့် တာရာပါငိုချင်လာတယ်
အကို့ကို မျက်ရည်ထပ်ကျအောင်လုပ်မိတဲ့အတွက် ကျနော်တကယ်စိတ်မကောင်းဘူး
"အကို"
ဇေယျ ခေါင်းချက်ချင်းမော့ကြည့်လိုက်တယ်
"တာရာ သတိရလာပြီးလား ရေသောက်ချင်လား အကိုဘာလုပ်ပေးရမလဲ ဆရာဝန်သွားခေါ်လိုက်ရမလား"
"အကို ဖြေးဖြေးပြောပါ အကိုကဆရာဝန်ပဲလေ ဘယ်သူ့ကိုထပ်ခေါ်ဦးမလို့လဲ"
တာရာပြုံးပြီးပြောလိုက်သည်
ဇေယျခေါင်းတစ်ချက်ကုပ်ပြီး
"ငါမေ့သွားလို့ မင်းသတိရပြီဆိုတော့ ငါသွားတော့မယ် "
အကိုက ဘာလို့ရုပ်ချက်ချင်းတည်သွားရတာလဲ
ငါ့ကိုစိုးရိမ်နေခဲ့တာမဟုတ်ဘူးလား
သတိရပြီဆိုတာနဲ့ထွက်သွားတော့မှာလား
တာရာ့အတွေးတွေကြောင့်ချက်ချင်းဝမ်းနည်းလာတယ်
"အကို ကျနော့်ကိုစိုးရိမ်နေခဲ့သေးလား"
ဇေယျခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်
"ကျနော်သတိရတာနဲ့ ဘာလို့ချက်ချင်းထွက်သွားဖို့လုပ်တာလဲ"
ဇေယျ ဘက်က စကားတစ်ခွန်းမှမပြောဘဲ ခေါင်းပဲငုံ့ထားတယ်
"ကျနော် အကို့ကိုစိတ်ပူလို့လိုက်ရှာရင်း ဒီလိုဖြစ်တယ်ဆိုတာ အကိုသိတယ်မလား"
ဇေယျခေါင်းငြိမ့်ပြလိုက်ပြန်တယ်
"ဒါတောင် ကျနော့်အနားမှာနေပေးဖို့ အကိုကဘာကိုစိုးရိမ်နေတာလဲ"
"--"
"အကို့ကိုကျနော်ချစ်တယ် အကိုကယောက်ျားတစ်ယောက်မို့လို့ ချစ်တာလည်းမဟုတ်သလို မိန်းမဖြစ်နေလည်း အကို့ကိုဆိုရင်ကျနော်ချစ်မှာပဲ ကျနော့်ဘ၀မှာ ဘယ်တစိမ်းကိုမှချစ်တယ်လို့မပြောဖူးဘူး
အကို့ကိုပဲချစ်ခဲ့ဖူးတာ အကို့ဘက်ကရော ကျနော့်ကို"
ဇေယျလက်တစ်ဖက်က တာရာ့နှုတ်ခမ်းကိုလှမ်းပိတ်လိုက်တယ်
"မင်းအခုမှသတ်ရလာတာ ဒါတွေမပြောနဲ့တော့ အိပ်လိုက်ဦး ငါသွားပြီ"
ဇေယျချက်ချင်း ထထွက်သွားသည်
တာရာကတော့ ဇေယျနောက်ကျောကိုကြည့်ပြီး
အကိုကငါ့ကိုစိုးရိမ်တာက သူ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကိုစိုးရိမ်တာထက် မပိုဘူးလား
အကိုရယ် ဘယ်အချိန်ထိကျနော့်အပေါ်ထားတဲ့စိတ်ခံစားချက်တွေကိုဖုံးကွယ်ထားဦးမှာလဲ ......
ESTÁS LEYENDO
One Sided Love(Completed) (Zawgyi+Unicode)
Romanceတစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ ....... တစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ .......