ဇေယျ တွေတွေကြီးရပ်နေမိသည်
သူ့ကိုချစ်တယ်လို့လိုက်ပြောတတ်တဲ့ကောင်လေး
အကို အကိုဆိုပြီးတကောက်ကောက်လိုက်နေတတ်တဲ့ကောင်လေး
သူ့မျက်နှာကိုအရိပ်တကြည့်ကြည့်နဲ့လိုက်ကြည့်တတ်တဲ့ကောင်လေး
သူ့မိသားစုအပူကိုပါ လိုက်ပူပန်ပေးတတ်တဲ့ကောင်လေး
သူတစ်ခုခုဖြစ်မှာကိုစိုးရိမ်ပြီး သူ့ကိုလိုက်ရှာရင်းနဲ့ ဒီလိုအဖြစ်ဆိုးတွေနဲ့ကြုံရတဲ့ကောင်လေးက
အခုအ၀တ်ဖြူဖြူလေးရဲ့အောက်မှာ ငြိမ်သက်စွာလဲလျောင်းနေခဲ့ပြီ
စကားတွေအများကြီးပြောတတ်တဲ့ကောင်လေးက အခုတစ်ခွန်းတောင်ထမပြောနိုင်တော့ဘူးတဲ့လား
အကို အကိုနဲ့ခေါ်တာကို နားကြားပြင်းကပ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့တာ အခုတော့ အဲ့ကောင်လေးခေါ်မယ့်အကိုဆိုတဲ့အသံကိုထပ်ကြားချင်မိတယ်
ကိုယ့်ကိုချစ်တယ်လို့ပြောလာတဲ့လူတစ်ယောက်ကို မတူမတန်သလိုဆက်ဆံပေးခဲ့တာတွေကို ဇေယျနောင်တရနေပြီ
မင်းအချစ်တွေကိုမလေးစားခဲ့တာမဟုတ်ပါဘူး
ပတ်ဝန်းကျင်က သူ့အဖေလည်းယောက်ျားချင်းယူမှတော့ သူလည်းယောက်ျားချင်းပဲကြိုက်မှာပေါ့ဆိုတဲ့စကားသံတွေကို အမြဲကြားနေခဲ့တဲ့လူတစ်ယောက်အနေနဲ့ လက်မခံနိုင်ခဲ့တာပါ
ငါတကယ် မင်းကိုမမုန်းပါဘူး
မင်းကို ......
ဇေယျမျက်ရည်တွေဝိုင်းလာပေမယ့် မျက်ရည်မကျအောင်ထိန်းထားလိုက်သည်
တာရာအရမ်းကြားချင်ခဲ့တဲ့စကားကို တာရာမကြားနိုင်တော့တဲ့အခြေအနေရောက်မှ ကိုယ်မပြောချင်တော့ဘူး
ပြောလို့လည်းမထွက်တော့ဘူး
"ကိုဇေ သား ငိုချင်ရင်ငိုချလိုက်နော် အရမ်းကြီးစိတ်ကိုမတင်းထားနဲ့"
အမေက လာနှစ်သိမ့်ပေးတယ်
ဇေယျစကားတစ်ခွန်းမှပြန်မဖြေနိုင်
ငါ့ကြောင့် သူဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာဆိုတဲ့စိတ်နဲ့ ဇေယျဘ၀ကိုဘယ်လိုရှေ့ဆက်ရမှာလဲ
"သား ဒီလူရှေ့မှာပဲ ရပ်နေတော့မှာလားဟင်"
အမေက အဲ့လိုပြောတော့ ဇေယျကြောင်သွားတယ်
တာရာ့ကို တစ်ချိန်လုံး သား သားနဲ့ပါးစပ်ကမချတဲ့သူက အခုသေသွားတာနဲ့ ဒီလူဆိုပဲ
လူတွေကပြောင်းလဲတာမြန်လိုက်ကြတာ
"အမေ သူ့ကို ရေခဲတိုက်မပို့ခင်အထိတော့ သားဒီနားမှာနေချင်သေးလို့ပါ"
လူသေအလောင်းတွေအများကြီးကိုတွေ့ဖူးတဲ့ဆရာဝန်တစ်ယောက်ဆိုပေမယ့် တာရာ့အလောင်းကိုတော့ ဖွင့်မကြည့်ရဲဘူး တကယ်တော့ဖွင့်မကြည့်ရက်တာ
ကိုယ်လျစ်လျူရှုခဲ့တာကိုခံစားခဲ့ရတဲ့ကောင်လေးတစ်ယောက်ကို အခုမှသနားနေတဲ့ ကိုယ့်ကိုယ်ကိုယ်မုန်းတီးလွန်းလို့
သူ့နောက်ဆုံးပုံရိပ်လေးကို မကြည့်ရက်ဘူး
ကိုယ့်ကိုတွေ့ရင်အမြဲပြုံးနေတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ မျက်နှာက အဖြစ်ဆိုးကြောင့်ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဇေယျတွေးတောင်မတွေးဝံ့ ကြည့်လည်းမကြည့်ရဲဘူး
"အင်း အဲ့တာဆို အမေသွားမယ်နော် တာရာ့အမေလည်းဟိုဘက်မှာပူထူနေတော့ သူ့ကိုသွားကူညီလိုက်ဦးမယ်"
ဇေယျ ခေါင်းလေးငြိမ့်ပြလိုက်သည်
"ဒါနဲ့ သားက ဒီလူနဲ့ဘယ်လိုပတ်သက်လို့ တာရာ့ကိုတောင်သွားမကြည့်ဘဲ ဒီနားမှာပဲရပ်နေရတာလဲ"
"ဗျာ အမေ ဘာပြောလိုက်တယ်"
"အေးလေ သားကရောက်လာထဲက ဒီနားမှာရပ်နေပြီးတော့ တာရာ့နားလည်းမသွားလို့ပါ တာရာ့ဆီလာတာမဟုတ်ဘူးလား"
"ဒါ ဒါက တာရာမဟုတ်ဘူးလား"
ဇေယျ အ၀တ်ဖြူဖြူကြီးအုပ်ထားတဲ့ လူသေကြီးကိုလက်ညှိုးထိုးပြီးပြောတယ်
"အမ် မဟုတ်တာ တာရာကဟိုဘက်ကအခန်းမှာ ဒီလူကတော့အမေလည်းမသိ"
ဇေယျ အရေးပေါ်ဌာနကိုရောက်လာတော့ ကားအက်စီးဒန့်ဖြစ်တဲ့လူနာရောဆိုတော့ ဆရာမက ဒီလူနာကိုလက်ညှိုးညွှန်ခဲ့တာလေ
လှမ်းကြည့်တော့အ၀တ်ဖြူဖြူကြီးအုပ်ထားတော့ တာရာသေပြီပဲထင်ခဲ့တာပေါ့
"အမေ တာရာရော အခုဘယ်မှာလဲ"
ဇေယျအခုမှပြုံးနိုင်တော့တယ်
မသေရင် ရပြီ မင်းမသေဘူးဆိုတာနဲ့တင် သေမင်းကိုရော မင်းကိုရောကျေးဇူးတင်နေပြီ
..
Unicode
KAMU SEDANG MEMBACA
One Sided Love(Completed) (Zawgyi+Unicode)
Romansaတစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ ....... တစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ .......