I(Zawgyi and Unicode)

10.9K 385 91
                                    

"Doctor ဒီကိုတစ်ချက်လောက်ကြည့်ပေးပါဦး.."

"Doctor ဒီဆေးလေးတစ်ချက်လောက်..."

"Doctor ဟိုဘက်တစ်ချက်လောက်သွားကူပေးပါဦး"

"Doctor ခွဲခန်းမှာလူလိုနေလို့ပါမောက္ခကခေါ်ခိုင်းလိုက်တယ်"

များပြားလှတဲ့ခေါ်သံတွေကြား nurse Kimလာပြောတဲ့စကားကြောင့် ခွဲခန်းဆီအမြန်ဆုံး ပြေးရပြန်သည်။ ဒီလိုကိစ္စမျိုးမှမမြန်ရင် ခေါင်းဖြတ်ခံရမည်ကိုး။ ခွဲခန်းရှေ့ရောက်တော့ အမြန်ဆုံးပြင်ဆင်လိုက်ပြီး ခွဲခန်းထဲသို့ တန်းဝင်လိုက်ရသည်။

"ဘာဖြစ်လို့ နောက်ကျတာလဲ"

ပြေးခဲ့သမျှအမောဖြေနေတုန်း ဟိန်းထွက်လာသည့် ပါမောက္ခMin၏အသံကြောင့်လူမှာတုန့်ကနဲ့။ ဘေးနားရပ်နေတဲ့သူငယ်ချင်းကိုကူညီပေးဖို့ မျက်လုံးနဲ့အထာပြမိတော့ မျက်နှာပါလွှဲသွားသည်။

"ငါမေးနေတယ်လေ..ဘာလို့နောက်ကျတာလဲလို့"

"ပြင်ပလူနာဌာနမှာ လူတွေများပြီး ဆရာဝန်မလောက်လို့ သွားနေရတာကြောင့်ပါ ပါမောက္ခ"

ယုံယုံမယုံယုံ မျက်စိစုံမှိတ်ပြီးသာ ပြောလိုက်တော့သည်။ တကယ်လည်းသွားနေရတာကိုး။ တကယ်ဆိုသူမနောက်ကျပါ။ တို့ဌာနကနေပြေးလာလည်း ဒီအချိန်လောက်တော့ကြာမှာပါပဲ။ အချိန်ကပ်ခေါ်တုန်းက ခေါ်ပြီးတော့။

"အဲ့ဒီမှာပဲ ရပ်နေတော့မှာလား"

"အဲ့....လာပါပြီ"

သို့ဖြင့်..သို့ဖြင့် ခွဲစိတ်ခန်းထဲမှ အချိန်မျဋးကို ရင်တမမဖြင့်သာ ဖြတ်ကျော်လာခဲ့ရသည်။ ခွဲခန်းထဲကထွက်တော့လည်း အခြေအနေက အရမ်းအေးစက်လွန်းနေသည်။ ဘယ်သူမှလည်း စကားမပြောရဲကြ။ပါမောက္ခMinတစ်ယောက် ပြဿနာရှာနေမှာကိုတော့ ကြောက်ကြသည်ကိုး။

လူနာရှင်နဲ့စကားပြောတော့လည်း ဘုကလန့်။ ပါမောက္ခMinလိုလူမျိုးက ဆရာဝန်မဖြစ်ရင်တောင် ဆေးရုံမှာနေရမည့်လူပင်။ ဒီလိုပုံစံအခြေအနေနဲ့သာဆို သေချာပေါက်ကို ချောင်းရိုက်ခံရမှာ။ အားလုံးအပြီး၊ ပါမောက္ခလည်းထွက်သွားတော့ Kim Yugyeomအတွက် တေးထားသမျှကိစ္စကို ရှင်းရတော့မည်။

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now