XVII(Zawgyi and Unicode)

1.5K 192 47
                                    

Zawgyi

ဆူပုတ်ပုတ်နဲ့ ထိုင်နေတာလည်း အတော်ကြာပြီ။အခုထိ ဆူနေသည့်နှုတ်ခမ်း မချသေးသော ဘဲကိုယ်တော်ကိုကြည့်ပြီ ရယ်ချင်တာပဲ သိသော မိမိစိတ်ဖြင့်လည်း ဘာမှမလုပ်ပေးနိုင်။

"မင်းရဲ့ ဘဲနှုတ်ခမ်းက တန်းမဖြုတ်သေးဘူးလား"

"ဟွန့်"

"မစားဘူးလား ထမင်းစားချိန်က ကုန်တော့မှာနော်"

"ဟွန်း"

"ဘဲနှုတ်ခမ်းရေ တစ်ဟွန်းတည်း ဟွန့်မနေနဲ့ မင်းမစားရင် ငါစားပြီ"

"မထိနဲ့ အဲ့တာ ငါ့ဝေစု"

"အစားအသောက်ထိတော့ အသံက ထွက်လာတယ် မြန်မြန်စား"

"မရိုင်းနဲ့ ဟေ့ကောင် ဒါဝယ်လာတဲ့သူ ပိုက်ဆံကုန်လို့ အားနာသဖြင့် စားနေတာ ငတ်နေလို့ မဟုတ်ဘူး"

ဪ ဇူဇကာပုဏ္ဏားရဲ့ စီနီယာက အဲ့စကား ပြောသတဲ့ အံ့ဩဘ။

"မင်းစဉ်းစားကြည့် ဒါတွေက ဈေးကြီးတယ်ဆိုတာ မင်းရော ငါရော သူတို့ရော အားလုံးသိတာပဲ အဲ့တာကိုမှ အားလုံးဖို့ ဝယ်လာတယ်ဆိုတာ ပိုက်ဆံကတော့ တော်တော် ကုန်မှာပဲလေ အဲ့တာကြောင့် ငါက စားပေးတာ"

အရူးသက်ရင့်နေသော သူ့ကို ဘာမှ ဆက်မပြောချင်တော့ပါ။ စိတ်ရှိတိုင်း ရူးသာရူးပါစေတော့။

"Jungkookie Jungkookie"

"ခင်ဗျာ"

"စောနက လူကြီးလေ"

"ဟုတ်ကဲ့"

"ချောတယ်နော်"

"သူ့ကို သွားပြောလေ"

"ဟယ် နင်ကလည်း ငါက ဘယ်လောက်ရှိပြီလည်း လို့မေးမလို့"

"ခင်ဗျာ"

"နင်ကလည်း ရှက်မနေပါနဲ့ ငါတို့ကို ပြောလို့ရပါတယ် နင့်ကောင်လေးနဲ့နင်နဲ့ ဘယ်လောက်ကြာပြီလည်း"

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now