V(Zawgyi and Unicode)

2.2K 250 76
                                    

Unicode

"ဆိုတော့က ခင်ဗျားရဲ့ ဖြစ်ကြောင်းကုန်စဉ်က ဆံပင်သပ်လိုက်တိုင်း လည်ပင်းလှန်သွားပြီး ကြာလာတော့ အကြော ညပ်သွားတယ်ပေါ့ Park Jimin shi"

"ဟုတ် Doctor ပြောတာ မှန်ပါတယ်

"ဟဲ့ ဟဲ့ အသံကအစ ဆွဲဆောင်မှု ရှိလိုက်တာ"

အသံပွစိပွစိထွက်နေသည့်အနောက်ဘက် တစ်နေရာကို အနည်းငယ်လောက် အသံတိတ်လို တိတ်ငြား မကြည်ကြည့် လှမ်းကြည့်လိုက်တော့ ဘယ်သူမှ ဂရုပင်မစိုက်။

"ဟယ် ဟယ် ဒီဘက်ကို မျက်လုံးမှိတ်ပြနေတာ ကြည့်ပါဦး"

"ကြည့်ပါဦးဟယ် ရယ်လိုက်တာ ချစ်စရာလေး မျက်လုံးလေး မှေးမှေးသွားတယ်"

"ဟဲ့ ဘာကိုကြည့်ပြီးပြောနေတာလဲ ဆံပင်အနက်နဲ့ တစ်ယောက်က ပိုချောတာ လုံးဝ ငါ့type"

"ဘယ်ကသာ အဲ့ဒီ ဆံပင် အနီလိုလို လိမ္မော်လိုလိုလေးနဲ့ ကပိုချောတာ"

ဟိုtypeဒီtype ခွဲနေကြသည့်အသံမှာ စောနကအသံများနှင့်မတူတာကြောင့် တစ်ချက်ကြည့်လိုက်တော့ တွေ့ရသည်က ဘေးလူနာအခန်းက ရှပ်ပြာသိင်္ခရာတစ်သိုက်။အဲ့တစ်သိုက်က ပေးတဲ့ဆေးသာ မှန်မှန်မသောက်တာ ဒါမျိုးကြတော့ ဆေးရုံရဲ့ ဘယ်နေရာမှာ ရှိနေရှိနေ သူတို့ရောက်အောင်လာသည်။

"ချေလိုက်တာ ကြည့်စမ်း အဲ့လိုချေတာလေး ကအစ ချောနေတာ"

"အေးဆို doctor Jeon ကံကောင်းလိုက်တာ သူကုသမျှ အဆင်လေး တွေချည်းပဲ"

အဲ့လိုစကားမျိုးတွေတော့ လက်မခံနိုင်ပါဘူးနော်။ ဘယ့်နှယ်။ မသိရင် ရွေးပဲကုသလိုလို။

"အေးဟဲ့ ငါတို့ဆီကို roundလာလှည့်တဲ့ ဆရာဝန်တွေနဲ့များ တစ်ခြားဆီ"

ထိုအချိန်မှာတော့ Yugeomနှင့် နှစ်ယောက်သား မတိုင်ပင်ရလောက်အောင် ကိုမျက်ထောင့်နီများနှင့် အနောက်ကို လှည့်ကြည့်မိသည်။ထိုအခါမှ တိတ်သွားကြသည့် သူများကိုကြည့်ရင်း ဂုဏ်ယူမိသလိုလို။

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now