XVIII(Zawgyi and Unicode)

1.4K 176 10
                                    

"ဟုတ်ကဲ့ပါ ခင်ဗျ
Jeon Jungkookပါ ခင်ဗျ
DBAဘွဲ့လည်း ရထားပါတယ် ခင်ဗျ အလုပ်အကိုင် အတွေ့အကြုံ ရှိပါတယ် ခင်ဗျ
နှလုံးအထူးကုပါ ခင်ဗျ
အရင်ဆေးရုံက မထင်ရင်မထင်သလို ပေါက်ကရတွေ ကုခိုင်းတာမို့ အထွေထွေလည်း ရပါတယ်ခင်ဗျ ပြီးတော့ ကိုယ်တိုင်လည်း သွားနေကြမို့ စိတ်ရောဂါလည်း မတောက်တခေါက် ရပါတယ် ခင်ဗျ"

"သူ နည်းနာ်းထိသွားတာလား"

"ချစ်စဖွယ် သားငယ် သမီးငယ်လေးများဆိုလား ဘာဆိုလား အဲ့မှာ ဝင်ပြိုင်မလို့ထင်တယ် ခင်ဗျ တွေ ထပ်နေတာပဲ"

"မင်းရူးသွားတာလား"

"မရူးပါဘူး ခင်ဗျ အဲ့မှားလို့ မရူးပါဘူး"

"ဒါဆို အခု ဘာဖြစ်နေတာလည်း"

"နောက်ဆေးရုံအတွက် လေ့ကျင့်နေတာ သက်ကြီးပိုင်းတွေက ရိုသေ လိမ္မာ ယဉ်ကျေးရင် ကြိုက်ကြတယ်ဆိုလို့"

"လိမ္မာယဉ်ကျေး ဖြစ်မဖြစ်တော့ မသိ ကြည့်ရတာတော့ နို့နံ့မစင်သေးဘဲ သူငယ်ပြန်နေတဲ့ ကလေးဆရာဝန် အတိုင်းပဲ"

"ကျေးဇူးတင်ပါတယ် ခင်ဗျ"

"ကြားလိုက်လား အဲ့ကောင် ရောဂါက မရတော့ဘူး တော်တော် ကျွမ်းနေပြီ ထားလိုက်တော့"

"နေပါဦး အခုမှ ဘာထဖြစ်တာ ဌာနမှူးက ဘာပြောလိုက်လို့လည်း"

"ဆေးရုံရွေးပြီး အင်တာဗျူးပါ ကျင့်နေတယ်ဆိုတော့ ငါ့မျက်စိရှေ့က လစ်တော့လို့ ပြောလိုက်တယ် နေမှာပေါ့"

"တိတ်ကြစမ်း အဲ့တာကြောင့် ပြောတာ မင်းတို့ ဦးနှောက်က အသစ်ကြီးတွေလို့ စဉ်းစားကြည့်စမ်းပါ ငါလို လူမျိုး ဘယ်သူက နှင်ထုတ်မှာတုန်း ခေါင်းသုံးပါလို့ ပြောတာကို ဂျွမ်းပဲ ထိုးနေကြတာကိုး"

"ဩော် ဟုတ်ကဲ့ပါ ခင်ဗျ IQ2သိန်းနဲ့ ဘက်စုံတော်နေတဲ့ အစ်ကိုကြီးခင်ဗျ ဘာဖြစ်လို့လည်းဆိုတာ မျှဝေပါဦး ခင်ဗျ"

"မင်းတို့ ဆေးရုံ ပိုင်ရှင်ကိုသိလား"

"ဆေးရုံပိုင်ရှင်က ကင်မ်မျိုးနွယ်လို့တော့ ကြားတယ် နာမည် အပြည့်အစုံတော့ မသိဘူး တော်တော်ကြီးကို ကျိကျိတက် ချမ်းသာတယ်လို့ ကြားတယ်"

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now