XXI(Zawgyi and Unicode)

1.6K 189 82
                                    

အရင်နေ့က ဟာတာတာဖြစ်ခဲ့သမျှ အခုတော့ Jeon Jungkookလေး ကောင်းစားနေလေပြီ။အရင်ကတော့ ဟိုတိုး ဒီတိုးနှင့် ဆေးရုံကို အရောက် ဆံပင်စုတ်ဖွားနှင့် လူတိုးခံ အထောင်းခံထားရသည့် အင်္ကျီနှင့် ရောက်လာသော်လည်း အခုတွင်တော့ လားလားမျှ မဆိုင်တော့။

ထိုနေ့ကစ၍ လာကြိုသည့်ကား အသင့်။မနက်စာ စားမလာရလည်း ထမင်းဘူးနှင့် စားဖွယ်စုံ အသင့်။တစ်နေ့ ညနေက ရည်းစားတစ်ယောက် ကောက်ရလာသည်က ချက်ချင်း အကျိုးခံစားရလေသည်။ဤသည်ကို FAများ နားလည်မည် မဟုတ်။(စာရေးသူလည်း နားမလည်)

"အာာ ပါးစပ်ဟ"

"ဒါလေးပါစား"

"ကြက်ဥကြော် ရောယူဦးမှာလား"

"အမဲသားလေး ကျန်ခဲ့တယ်"

"ဟင်းချိုရော သောက်ဦးမလား"

"ဖြေးဖြေးဝါး ဘယ်ဘက် ၁ဝချက် ညာဘက် ၁ဝချက် ဝါး"

"လာပြီ နောက်တစ်လုတ်"

ဘယ်လောက် နားကြားပြင်းကတ်စရာ၊ ထရိုက်ချင်စရာ ကောင်းသည့် မြင်ကွင်းမျိုးပါလိမ့်။ ထိုကား ပုံထားသမျှ စာများကို အခုမှ အသည်းအသန် ခဲမှန် လုပ်နေရသည့် ဂျွန်ဂျောင်ကုတ်အား CEOလို့ မထင်ရအောင် အားနေသည့် ကင်မ်နမ်ဂျွန်းက ၁နှစ်သား ထမင်းကျွေးသလို ခွံ့ကျွေးနေခြင်းပင်။

နားနေခန်းထဲတွင် ဤသို့ဖြစ်နေ၍ ကျန်လူများ ဘယ်လိုနေနေမည်ဟု တွေးပူမိလေသလား။မပူလေနှင့် RSဟု ကြားသည်နှင့် အလက်ဂျစ်များထ ခြေတုန် လက်တုန် ခေါင်းကိုက် ဗိုက်နာ ပျို့အန်ကာ ဝေးရာသို့ ပြန်၍ပင် လှည့်မကြည့်ပဲ ထွက်သွားကြလေပြီ။(ဤသည်ကား စကားချပ်)

အခြားသူများ အရေးကြီးသော စာမေးပွဲနီးလျှင် အအိပ်ပျက် အစားပျက်နှင့်ပင် ပိန်သွားကြသည်ဟု ဆိုကြသည်။ထိုထဲတွင်တော့ နေစဉ်နှင့်အမျှ ရလိုက်သည့် ရည်းစား ကောင်းမှုနှင့် တစ်နေ့၅နပ် မှန်မှန်ကြိတ်ရသည့် အတွက် အအိပ်ပျက် လျှင်တောင် အစားမပျက်သည့် ဂျွန်ဂျောင်ကွတ် တစ်ယောက် ထို လူတန်းစားထဲတွင် မပါခဲ့။ပို၍ပင် ပြည့်ပြည့်ဖောင်းဖောင်း ရှိလာခဲ့သည်။

သို့သော်လည်း နှစ်ယောက်တည်းဟူ၍ ရိုနေသည်ဟု မထင်သင့်။ခွဲခြမ်း စိတ်ဖြာလိုက်သော် တစ်ခန်းလုံး ကင်မ်နမ်ဂျွန်း အသံချည်းပင် ဖြစ်သောကြောင့်။အဘယ်ကြောင့်နည်း။ရှင်းပါသည်။ဆေးကျောင်းပြီး ကတည်းက ပလစ်ထားသော စာများကို အခုမှ ယုန်သူငယ် ခဲမှန်သလို လုပ်နေရသည့် ဂျွန်ဂျောင်ကွတ်အဖို့ မော့ကြည့်ရန်ပင် မအား။မြင်သမျှ ခေါင်းထဲ ထည့်နေရသည်ကို။

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now