VI(Zawgyi and Unicode)

2K 223 39
                                    

"အဲ့တော့ ဟိုကနေ ဘီးကုပ် တစ်လက် အဖတ်တင်လာတယ်ပေါ့"

"အင်းဆို"

"အဲ့ဒီတော့"

"ဘာအဲ့ဒီတော့လည်း hyung တောင်ရဖူးလို့လား ဒီမှာ ဖဲပြားလေးတောင်ပါသေး"

"ငါလိုချင်တာ ဖုန်းနံပါတ် ဂဏန်းတွေနဲ့ ဖုန်းနံပါတ် ဖဲပြားအနီရောင်နဲ့ ဘီးကုပ် မဟုတ်ဘူး"

"ဒါလေးက အမှတ်တရ သိမ်းချင်စရာ မကောင်းဘူးလား"

"မကောင်းဘူး မလိုချင်ဘူး ဖုန်းနံပါတ်ဆို ဖုန်းနံပါတ်ပဲ"

"အဲ့တာဆိုလည်း Yoongi hyungရဲ့ အစ်ကိုဆီက သွားယူပါလား ဘာလို့ စွတ်စွတ်တောင်းခိုင်း နေတာတုန်း ဘာဖြစ်ဖြစ် ဆေးရုံပဲ စွတ်စွတ်ပို့နေတာ ကုမ္ပဏီတစ်ခုလုံးလည်း ကုန်ပြီ"

"ငါအဲ့လို ရသွားရင် သံသယ ဝင်သွားမှာပေါ့"

"မလုပ်လည်း အဝင်ခံရမယ့်ရုပ်နဲ့ကို"

"ငါမုန့်ဖိုးဖြတ်ရမလား မင်းအဖေကို ကုမ္ပဏီအတွက်ဆိုပြီး ပိုက်ဆံတွေဘတ်နေကြောင်း တိုင်ရမလား ကိုယ့်အသိတရားနဲ့ ကိုယ့်ငြိမ်ငြိမ်လေးနေမလား"

"ပိတ်ပြီ ပိတ်ပြီ"

"ဘယ်သူမှမရလို့ မင်းတို့နှစ်ကောင် လုပ်နိုင်မလားဆိုပြီး လွှတ်တာလေ အဲ့တာကို ဘီးကုပ်တစ်ခု ပိုက်ပြီးပြန်လာရလား"

"ဟိုက စွာတေးလန်လေ"

"ငါ မသိတဲ့ပုံ ပေါက်နေလား"

"သိလည်းနားထောင် တစ်ခါလောက် အကြုံပြုစကားလေး တစ်ခွန်းပဲ ပြောလိုက်တာ ဘာတွေ ဖြစ်သွားတယ်မသိဘူး လုပ်ချပလိုက်တာ တကယ် အကြောညှပ်သွားလို့ ဆေးရုံ၅ရုံလောက် ပတ်လိုက်ရပါတယ်ဆို"

"အဲ့တော့"

"အဲ့တော့ အဲ့လိုတွေ ကြပ်ကြပ်ခိုင်း နောက်ဆိုဘာမှမကူညီပေးဘဲ ထားပစ်မယ်"

"မနက်ဖြန်မှ သနားကမား ရုပ်ကလေးတွေနဲ့ မုန့်ဖိုးဆိုလို့ကတော့ နှစ်ယောက်လုံးကို လုံးခြေပြီး ဘိုးလင်းပစ်သလို အခန်းပြင်ကို ပြန်ပစ်ထုတ်ပေးမယ်"

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now