XI(Zawgyi and Unicode)

1.6K 203 34
                                    

"3"

"2"

"1"

"ဟီး ဟီး"

နံပါတ်စဉ်ဆုံးသည်နှင့် ထရယ်သော Jungkookကြောင့် ပြုံးမိလိုက်သည်။ ကျွန်တော့ကိုကျေးဇူးတင်ပေတော့ Kim Namjoon shi။

"အားး ပါးချိုင့်က ချစ်စရာလေး ကုကု ထိချင်တယ်"

တစ်ယောက်နှင့် တစ်ယောက် အပြုံးပြိုင်ပွဲ ဆင်နွှဲနေတုန်း အသံကအစ ပြောင်းလဲသွားသော ကုကုတစ်ယောက် ရေတွင်းပျက် ပါးချိုင့်ကို အားရပါးရ လာလာ ထိနေသောကြောင့် ဟိုတစ်ယောက်တော့ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေလောက်ပြီ။ပတ်ဝန်းကျင်က လူတွ ကြည့်မိတော့လည်း သူ့တို့ အာရုံနဲ့ သူတို့မို့ သတိထားမိပုံ မပေါ်။

"ချစ်စရာလေး ပြုံးဆို ပြုံးပါဆို"

နှုတ်ခမ်းဆူဆူ ဆူဆူနှင့် ပါးကိုထိကာ ပြောနေသော Jungkookနှင့် တောင့်တောင့်ကြီး ကြောင်နေသော Namjoon hyungဆို့ အတွဲအတွက် ကိုယ်ကကြည့်နေရုံသာ။

"Joonie Hyungie ကုကု ကို အဲ့တာလေး ယူပေးပါလား"

နောက်လက်နက် တစ်ခုအနေနှင့် မျက်လုံး ဝိုင်းဝိုင်းကြီးများနှင့် ကြည့်ကာ သူမမှီသော ဟင်းပွဲမှ ဟင်းကို ပန်းကန်းလေး ပြကာယူခိုင်း နေရှာသည်။မိမိသည်ပင် တစ်ခါတစ်ခါ မလွန်ဆန်နိုင်သော aegyoများကို Namjoon hyungတစ်ယောက် ဘယ်လိုများ တောင်ခံနိုင်လေမလဲ။

ကြောင်အအနှင့် ယူပေးပြီးသွားတော့ ကိုယ့်ဘက် ကြည့်လာသည်ကြောင့် မျက်စပြလိုသည်။ထိုအခါမှ အံ့ဩသည့် ပုံစံဖြင့် ပြန်ကြည့်လာတာကြောင့် နားမလည်သေးမှန်း သိလိုက်သည်။

----------

"သူ နည်းနည်းလေး ပိုမူးရင် အဲ့လိုပဲ"

နှစ်ယောက်သားသာ ကြားရသည့် အသံနှင့်ပြောတော့မှ နားလည်သည့် အသံနှင့် ပြုံးစိစိဖြင့် ပြန်ပြောသည်။

"ကျေးဇူး"

"အာာာ"

အချင်းချင်း ပြောပြီး ပြန်အလည့် အသားတစ်ဖက် ကိုမိမိရှေ့တိုးကာ ကျွေးနေသောသူကြောင့် ပြောစရာပင် ပျောက်သွားရသည်။

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now