XIII(Zawgyi and Unicode)

1.7K 194 33
                                    

Unicode

"ကျစ်....ခေါင်းကိုက်လိုက်တာ"

"ကိုက်မှာပေါ့ မနေ့က လူမှန်းသူမှန်း မသိအောင် သောက်လာတာကိုး"

"Yugyeomက စွတ်တိုက်နေတာနဲ့ပဲ သောက်လိုက်တာကို ဒါနဲ့ hyung မနေ့က ကျွန်တော် အိမ်ကို ဘယ်လိုပြန်ရောက် လာတာလည်း"

"ဒီလိုပါပဲ အဆင်ပြေတဲ့လူတစ်ယောက် လာပို့သွားတာ"

"အဆင်ပြေတဲ့သူ"

"အေး"

"မဟုတ်မှလွဲရော Hyungရဲ့ crush"

*ဒေါက်*

"အား....စကားမထွက်ခင် လက်အရင်ထွက်တဲ့ အကျင့်ကိုလည်း ပြင်ပါဦး"

"စကားကို ကြည့်ပြောစမ်း ငါလို့လူက သူများကို ကြိုက်စရာလား သူတို့ကပဲ လိုက်ကြိုက်တယ်ဆိုမှ ဟုတ်သေး"

"ဟုတ်ကဲ့ပါ ခင်ဗျ ပြောပြီတဲ့ ကျွန်တော် မှားတာပါ ခင်ဗျ"

"တော် ရွဲ့မနေနဲ့ ဆေးရုံသွားတော့ ငါလည်းသွားစရာရှိတယ်"

"Hyung ပြန်တော့မှာလား"

"အေးပေါ့ ငါ့ကိုလည်း ဟိုဘက်ရုံးက လှမ်းလှမ်းခေါ်နေလို့ အမေကလည်း အသက်နည်းနည်းကြီးလာပြီဆိုတော့ အရင်ကလောက် အလုပ် မလုပ်နိုင်တော့ ငါပဲရှိတော့တာပေါ့"

"ဒါဆို hyungက ဘယ်အချိန်လောက် ပြန်မှာတုန်း"

"နောက် တစ်ပတ် ၅ရက်လောက်ပေါ့"

"ကျွန်တော်တော့ hyungကို လွမ်းနေတော့မှာပဲ"

"အဲ့လောက်ကြီးလည်း မပြောပါနဲ့ မင်းလည်းလာလည်လေ လေယာဉ်လက်မှတ်ခ ငါစိုက်ပါမယ်"

"မရဘူး ကျွန်တော်က hyungရဲ့ hotelက VVVVVVVVVVVIP အဖြစ် မဖိတ်မခံရမခြင်း မလာဘူး"

"လေယာဉ်ခ စိုက်ပေးမယ် ဆိုတာမှ အားမနာ ပါးမနာ"

"စကားမစပ် hyung သွားစရာ ရှိတယ်ဆို စောနက ပြောလိုက်သလားလို့"

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now