II(Zawgyi and Unicode)

3.1K 287 33
                                    

ဒီနေ့တစ်နေ့လုံးတော့ ပါမောက္ခMin၏ အရစ်ခံဘဝမှ လွတ်နေတာကြောင့် အတန်ငယ် ပျော်ရွှင်သယောင်နှင့် ထိတ်လန့်တုန်လှုပ်မိနေသလိုပင်။ ဒါမျိုးက အမြင့်ဆုံးဆုကြေးနဲ့ထီကို နှစ်ခါဆက်ပေါက်တာထက် ပိုရှားပါးတဲ့ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်မလား။

"စကားနဲ့မဖော်ပြတတ်အောင်ကို အလွန်သာယာလှပတဲ့ နေ့လေးပဲ"

"ဟေ့ကောင့် အရမ်းကြီးအူမြူးမနေနဲ့ဦး ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပေါ်လာမလည်းမသိ"

"နောင်ဖြစ် နောင်ခါရှင်းပဲ အခုတော့ ထမင်းအရင်သွားစားရအောင်"

အေးအေးဆေးဆေး ထမင်းစားရသည်က ရှားတာကြောင့် မျက်စိရှေ့မှ အခွင့်အရေးကို အမိအရယူရန် ဆုံးဖြတ်လိုက်ပြီး canteenဆီသို ဖြေဦးလှည့်လိုက်ကြသည်။ Canteenကို ရောက်သည်အထိတော့ ထူးခြားတာ ဘာမှမတွေ့။

"အန်တီ...ဒီနေ့ special menuဘာရှိလည်း"

"ဝက်နံရိုး"

"အိုခေ နှစ်ယောက်စာလုပ်ပါဦး"

"ဒီမှာပဲထိုင်စားကြမှာလား"

"ဟင့်အင်း တော်ပါပြီ အခန်းထဲပဲယူတော့မယ် ဒီနေရာက ခုံနဲ့တင်ပါးနဲ့ ကပ်တာနဲ့ အခေါ်ခံရတဲ့ ကျိန်စာသင့်နေတာ"

စားဖိုဆောင်က အန်တီကြီးရဲ့ မျက်စောင်းကို ပြုံးဖြီးဖြီးနှင့် ခံယူပြီး အသင့်ထည့်ပေးသည့် ထမင်းပန်းကန်ကိုယူကာ အခန်ထဲသို့ အမြန်ပြန်ရပြန်သည်။ ဘာမှတော့ မဆိုင်ပေမယ့် အခုချိန်မှာ ကိုယ့်ကိုကိုယ် Lupinလို ခံစားနေရတာတော့ အမှန်ပင်။

အခန်းထဲရောက်ပြန်တော့လည်း ဆံဖြူဖိုးဖိုးနဲ့ မတွေ့သေး။ နေ့လည်စာစားပြီးသည့်တိုင်အောင် မတွေ့ရရင်တော့ ဒီနေ့သည် ကမ္ဘာ့အံ့ဩဖွယ်အကောင်းဆုံး နေ့ထဲတွင် စာရင်းပင် ဝင်နိုင်လောက်ပြီ ဖြစ်သည်။

"ဒီနေ့ ပါမောက္ခ Minကိုတောင် မတွေ့မိဘူးနော်"

"အခန်းထဲမှာ သူ့ဆံပင်ဖြူတွေကို ပြန်သနလားမှ မသိတာ"

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now