XX(Zawgyi and Unicode)

1.5K 194 74
                                    

"ကိုယ်ဘာများ လုပ်မိလို့လည်း"

ထို ရင်းနှီးနေသည့် အသံနှင့်အတူ သူ့ရှေ့တွင် နှင်းစက်များ ရပ်တန့်သွားခဲသည်။အပေါ်ကို မေ့ကြည့်လိုက်တော့ သူ့ပေါ်တွင် အုပ်မိုးထားသည့် ထီးတစ်လက်။

"ဒီကလေးလေး တစ်ယောက်က ကိုယ့် ကုမ္ပဏီရှေ့မှာ အားရပါးရကို ကိုယ့်ရဲ့ မကောင်းကြောင်းတွေ ထိုင်အော်နေတာပဲ"

အနောက်ကို လှည့်ကြည့်စရာ မလိုလောက်အောင် ထိုအသံနှင့် ထိုရေမွှေးနံ့ကို သူသိနေသည်။

"တော်စမ်းပါ ခင်ဗျားနာမည် ပါတာမှ မဟုတ်တာ ခင်ဗျား ရည်စားနဲ့ပဲ သွားနေပါလား"

"ရည်းစား"

"ခင်ဗျားနဲ့ လမ်းကြားထဲ ပလူးနေတဲ့ တစ်ယောက်"

"...."

"အဲ့ တစ်ယာက်နဲ့ပဲ သွားပြီး ဆက်ပလူးပါ"

"ဟင်"

"သွားပါလို့ သူနဲ့ပဲ သွားပျော်ပါလို့"

"ဟုတ်တယ် သွားဆို"

"တကယ်နော်"

"သွားဆိုမှပဲ အဲ့နေရာအထိ ငှက်ပျောပွဲနဲ့ အုန်းပွဲနဲ့ ပင့်ပေးရမှာလား"

"အင်းပါ မင်းက ကိုယ့်ကို သွားစေချင်တော့လည်း"

"နေဦး"

"ဟင်"

"ထီးပေးခဲ့"

"အင်း"

အကျအနကို ပုခုံးပေါ် တင်ပေးပြီး တစ်စတစ်စ ဝေးသွားသော ခြေသံများကြောင့် ပိုငိုချင်လာသည်။သွားဆိုတိုင်း တကယ်သွားရလား လောရှည်ရဲ့။

"လောရှည်ကောင် နည်းနည်း မူပြီ နေလိုက်ရင် ဘာဖြစ်သွားမှာ မို့လို့တုန်း"

"ဟော် ကြည့် သူပဲ သွားခိုင်းတယ် ပြီးတော့ သွားလို့ပဲ ငိုနေသေးတယ် အပြစ်ကလည်း ပြောနေတာ စုံလို့"

ဟမ် ဘယ်က ပေါ်လာပြန်တာတုန်း။သွားပြီ မဟုတ်ဘူးလား။

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now