XXIII(Zawgyi and Unicode)

1.5K 172 38
                                    

Yes ဒီနေ့တော့ Jeon Jungkookတို့ အိပ်ပြီလေ။ရှားရှားပါးပါး စိတ်ကောင်းဝင်ကာ ဌာနမှူးကြီးက နားရက် ပေးထားရှာသည်ကို။ဒီနေ့ နားရက် မနက်ဖြန် duty off။ပင်ပန်းခဲ့ သမျှ အတိုးချ နားလေပြီ။မနားခဲ့လေ သမျှ နားရက်ရသော အခါ လုပ်ချင်သည်က ပုံနေသည်။ထို့ကြောင့် အိပ်ဖို့သာ စဉ်းစားလိုက်သည်။

Hyungကိုလည်း ဖုန်းဆက် လိုက်သေးသည်။ငိုသံကြီးနှင့် ရုံးမှာဟု ပြောလာတာကြောင့် သနားကာ ဖုန်းချလိုက်သည်။CEOတစ်ယောက်ပဲ အဲ့လောက်တော့ လုပ်ရမှာပေါ့ နော့်။အထူးသဖြင့် Koreaက Moonchildရဲ့ အခွန်ငွေတွေနှင့် လည်ပတ်နေရသည့် အခါပေါ့။(အယ်လယ့်)

*ဖုန်း*

ဩော် ဒီအိပ်ရာကို လွမ်းနေရလေခြင်း။

"မတွေရတာကြာပြီ ငါ့အသည်းလေး"

မျက်စိစုံမှိတ်ကာ အိပ်ရာနှင့် မိတ်ဆက်ပြီး အိပ်ဖို့ ပြင်လိုက်သည့် အခါဝယ်။

*တင်းတောင် တင်းတောင် တင်းတောင်*

"ဟဲ့"

*တင်းတောင် တင်းတောင် တင်းတောင်*

"ဘယ်သူ့ သားသမီးက bellကို အဲ့လောက် တီးနေတာတုန်း"

မဖွင့်မချင်း တတင်းတင်း တတောင်တောင်နဲ့ တီးနေတာမို့ သွားဖွင့်ပေးလိုက်တော့

"အယ် hyung"

"Morning"

"စောနက ပြောတော့ ရုံးမှာဆို"

"အခု ငယ်လေးရှေ့မှာလေ"

"....."

"လာ"

"ဘယ်ကို"

"လာ ရောက်ရင် သိလိမ့်မယ်"

"နေဦး အဝတ်မလဲ"

"လာပါ ရတယ် ဘာမှ မဖြစ်ဘူး"

ဤသို့ ဤသို့နှင့် ဆွဲခေါ်ရာနောက်သို့ အိမ်တံခါး ပိတ်ပြီး ကောက်ကောက် ကောက်ကောက်နှင့် ပါသွားရ လေတော့သည်။ကားပေါ် စရောက် ကတည်းက ဘယ်သွားမှလည်း မေးလည်းမရ။ရောင်းမစားဟုတော့ ယုံတာကြောင့် ဆက်တော့ မမေးဖြစ်။

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now