"ဝင်....အထဲကိုဝင်"
သူတို့နှစ်ယောက် မဝင်ချင်ဝင်ချင်နှင့် အထဲဝင်လိုက်ရသည်။
လူဆိုး ငါးယောက်ကလည်း လိုက်ဝင်ပြီး တံခါးပိတ်လိုက်သည်။"အလယ်က တိုင်မှာ နှစ်ယောက်လုံးကို ကျောချင်းကပ်ပြီး လက်ပြန်ကြိုးတုပ်လိုက်.."
"ဟုတ်ကဲ့..ဆရာကြီး"ကုလား ချိုင်းမွေးကေနှင့် ဗလကြီးဆိုသည့် လူဆိုးနှင့် တခြားတစ်ယောက်က သူတို့ကို ဆွဲခေါ်ကာ အခန်းအလယ်က တိုင်မှာ ထိုင်ခိုင်းလိုက်သည်။
Jungkook ကတစ်ခန်းလုံးကို ဝေ့ကြည့်အကဲခတ်နေလိုက်သည်။ ကားဂိုဒေါင် အဟောင်းကြီး ဖြစ်မည်။ ကားအစိတ်အပိုင်း သံတိုသံစတွေနဲ့။ အခန်းထောင့်မှာ ဆီပေပါ ပုံးအဟောင်းကြီးကိုတော့တွေ့သည်။ အထဲမှာ ဓာတ်ဆီတွေဘာတွေ ရှိမရှိတော့မသိ။
ကောင်လေးက သူတို့ကို လက်ပြန်ကြိုးတုပ်နေသော လူဆိုးကို သေချာအကဲခပ်နေသည်။ ကြိုးချည်နေပုံကိုလည်း သေချာကြည့်နေသည်။
"ကဲ....ကောင်လေး၊ မေးတာကို မှန်မှန်နဲ့မြန်မြန်ဖြေစမ်း။
သေတ္တာရဲ့ လျှို့ဝှက်နံပါတ်က ဘာလဲ။"နှေးနှေးနှင့်မှားမှားလည်း မဖြေပါ။
ဘာမှကို အရေးလုပ်၍ ပြန်မပြောပါ။ဆရာကြီးက သူ့စကားကို အရေးလုပ်၍ ပြန်မဖြေသော ကောင်လေးကို ကြည့်ကာ နည်းနည်းမက ဖြုံမိသည်။
ဝူဆွန်းကတော့ လျှို့ဝှက်နံပါတ်တွေကို လျှောက်လှည့်ကြည့်နေသည်။ မတော်တဆများပွင့်သွားလေမလားဟူသော မျှော်လင့်ချက်ဖြင့်။
"ကဲ..ကောင်လေး မေးနေတာကို ဖြေရင်ကောင်းမယ်။ ငါတို့က လူဆိုးဓားပြတွေဆိုပေမဲ့ လူတစ်ဖက်သားအပေါ် ရက်ရက်စက်စက် မဆက်ဆံတတ်ပါဘူး။ ဒါပေမဲ့
လိုတာမရရင်တော့ ငါတို့ကို ဆိုးတယ် မပြောနဲ့...ဟင်းဟင်း..."ကောင်လေးက အေးအေးဆေးဆေး အမူအရာနှင့် ခြိမ်းခြောက်မှုကို လားလားမှ မကြောက်သည့် ဟန်ပင်။
YOU ARE READING
Old Flame (မီးတောက်ဟောင်းကလေး)
Fanfikceစာရေးဆရာ သူဝေးရဲ့ Old Flame ဝတ္ထုကို Jikook version ပုံစံဖြင့် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါသည်။ full credit goes to သူဝေး (Zawgyi+Unicode)