Jungkook တော်တော့်ကို စိတ်အိုက်သွားသည်။
နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို သူ့ကျမှ မေးခွန်းခက်ခက်တွေလာလို့
မဖြေနိုင်ရင် အကျိုးက နည်းဦးမည်။ ဟူး.....ဒါမျိုးဆို သူ့ဥာဏ်က အလိုလိုကို တုံးတတ်သည်။ ဒါပေမဲ့ နည်းနည်း ကိုယ်ဟန်ဖို့
လုပ်လိုက်ကာ ကောင်လေးကို ပြုံးပြလိုက်သည်။ကောင်လေးကလည်း
'Fighting' ဆိုတဲ့ ပုံစံနှင့် လက်သီးဆုပ်ပြသည်။"မေးပါ..ကျွန်တော် အဆင်သင့်ဖြစ်ပြီ။"
"မေးမယ်၊ သေချာနားထောင် နှစ်ခါ မမေးဘူးနော်။"
အင်း..Jungkook သေချာနားထောင်နိုင်မှ တော်ကာကျမည့် မေးခွန်းမျိုး ထင်သည်။
ထို့ကြောင့် အာရုံသေချာစူးစိုက်ကာ နားစွင့်ထားလိုက်သည်။"ပန်းခြံထဲမှာ..."
"အင်း....""သူရဲကောင်း ကြေးရုပ်ကြီး တစ်ရုပ်ရှိတယ်။"
"အင်း...""အဲ့ကြေးရုပ်ကြီး ရဲ့ကျောမှာ မြားကျည်တောက်ဘူး လွယ်ထားတယ်။ မြားတံက
(13)ချောင်းရှိတယ်။"ထို မြား (13) ချောင်းဆိုသည်ကို Jungkook သေချာစွာ မှတ်သားလိုက်သည်။
"ပြီးတော့ ကြေးရုပ်ကြီးရဲ့ ခါးမှာ ဓားရှည်တစ်လက်ချိတ်ထားတယ်။ခါးကြားမှာ
ဓားမြှောင်တစ်လက် ညှပ်ထားသေးတယ်။"
"အင်း....."ဓားရှည် (1)ချောင်း၊ ဓားမြှောင် (1)ချောင်း၊ ခုနက မြားက (13)ချောင်း။ အင်း....
သူရေတွက်ကာ ဂဏန်းအက္ခရာတွေကို သေချာမှတ်နေသည်။ ဒါ သင်္ချာ မေးခွန်းဖြစ်လိမ့်မည်ဟုလည်း ကြို တွက်ဆမိသည်။"ပြီးတော့ သူရဲကောင်းကြီးက မြင်းကို စီးထားတယ်။ မြင်းက မြင်းထီး။"
ဟင်...မြင်းထီးတဲ့။ ရှုပ်တော့ ရှုပ်လာပြီ။
"မြင်းက ခြေတစ်ဖက် လေထဲမြှောက်ထားတယ်။ မြင်းရဲ့သွားတွေကို
အပေါ်က လေးချောင်း၊ အောက်က လေးချောင်းတွေ့နိုင်တယ်။"
YOU ARE READING
Old Flame (မီးတောက်ဟောင်းကလေး)
Fanfictionစာရေးဆရာ သူဝေးရဲ့ Old Flame ဝတ္ထုကို Jikook version ပုံစံဖြင့် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါသည်။ full credit goes to သူဝေး (Zawgyi+Unicode)