မီး​တောက်​​ဟောင်းက​လေး-3(Zaw+Uni)

1.7K 192 4
                                    

"ဟာကွာ...."

"ကျစ်​...ဘာ​တွေလဲ။"

ဘလိုင်းကြီး အလုခံလိုက်​ရတာပါလား။ အဖြစ်​အပျက်​မှာ မြန်​ဆန်​ ရှုပ်​​​ထွေးလွန်းလှ
သဖြင့်​ သူတို့စိတ်​ထဲ ထုံထုံကြီး ခံစား​နေကြရသည်​။ယုံပင်​မယုံချင်​။

စိတ်​ရှုပ်​ရှုပ်​နဲ့ တစ်​​ယောက်​မျက်​နှာတစ်​​ယောက် ကြည့်​မိကြသည်​။ ဘယ်​သူ့ကို
အပြစ်​တင်​လို့ တင်​ရမှန်းလည်း မသိ။

"ဟဲ့..က​လေး​တွေ ဘာ​ကြောင်​​နေတာလဲ။ တက္ကစီငှါးပြီး အမြန်​လိုက်​​လေ။"

"ဟင်​"
"အာ...ဟုတ်​သားပဲ။"

စိတ်​​တွေ ​ယောက်​ယက်​ခတ်​​နေ​သော​ကြောင့်​ လက်​​တွေ့ကျသည်​ကို
မစဉ်းစားမိ။ အနီးဆုံးရှိ တက္ကစီတစ်​စီးကိုပင်​ ဆွဲငှါးကာ အမြန်​လိုက်​ရ​တော့သည်​။

"ဟိုးက လှမ်းမြင်​​နေရတဲ့ အနက်​​ရောင်​ကား​နောက်​ကို လိုက်​​ပေးပါဗျာ။"

ကားသမားကလည်း အလျင်​လို​နေသည်​ကို ရိပ်​မိသွားသဖြင့်​ ကျင်​လည်​စွာပင်
ကားကို အရှိန်​နှင့်​​မောင်းထွက်​လိုက်​​တော့သည်​။

ထို့​ကြောင့်​ အ​ခြေမကျ​သေး​သော ​ကောင်​​လေး၏ ခန္ဓာကိုယ်​သည် ယိုင်​သွားကာ
'အိုး...' ခနဲ ​ဘေးသို့ လန်​ကျသွားသည်​။
ထိုစဉ်​ ​​ကောင်​​လေး၏ ပါးပြင်​သည်​ ​အနားတွင်​ရှိ​နေ​သော Jungkook ၏ ရင်​ခွင်​သို့
လာရိုက်​ကပ်​မိသွားသည်​။

"အို.ဆောရီး၊....​ဆောရီး..​ဆောရီး"

ကောင်​​လေးသည်​ နီးကပ်​လွန်း​သော အ​နေအထား​ကြောင့်​ အိုးတို့အန်းတန်းဖြစ်​သွားသည်​။

Jungkook လည်း ထူးဆန်း​နေ​သော အ​ခြေအ​နေ​ကြောင့်​ စိုက်​ကြည့်​မိလိုက်​​တော့
ကောင်​​လေး၏ ပါးပြင်​ ရဲခနဲဖြစ်​သွားသည်​ကို မြင်​လိုက်​ရသည်​။

ကောင်​​လေး၏ ​တောင်းပန်​ပုံ ​လေယူ​လေသိမ်းမှာ တစ်​မျိုးဖြစ်​သည်​။
ပထမ ​ဆောရီး တစ်​ခွန်း​ပြောကာ ခဏခြားပြီးမှ ဒုတိယ ​ဆောရီးနှင့်​ ကျန်​​ဆောရီးကို
ခပ်​သွက်​သွက်​​လေး ​ပြောချလိုက်​ခြင်းဖြစ်​သည်​။

Jungkook က​တော့ ပါးပြင်​​လေးကို ​ငေးသက်​မိသွားသဖြင့်​ ထို​လေယူ​လေသိမ်းကို
သတိမပြုမိ​ချေ။

Old Flame (မီး​တောက်​​ဟောင်းက​လေး)Where stories live. Discover now